ဖိလစ်ပိုင်တွင် ပြင်းအား ၆ ဒဿမ ၇ အဆင့်ရှိ ငလျင်လှုပ်

ဖိလစ်ပိုင်နိုင်ငံ ဘာကူလင်မြို့ အရှေ့ဘက် ၆၈ ကီလိုမီတာအကွာ မြေအောက် ၁၀ ကီလိုမီတာခန့်တွင် ပြင်းအား ၆ ဒဿမ ၇ အဆင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာနက ပြောကြားခဲ့သည်။
ကမ်းလွန်ရေပြင်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျ-က်စီးမှုများနှင့် နောက်ဆက်တွဲငလျင်များဖြစ်ပေါ်လာနိုင်ကြောင်း ဖိလစ်ပိုင်ငလျင်ဗေဒဌာန (Phivolcs) က ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ငလျင်ကြောင့် ထိခိုက်ပျ-က်စီးမှုနှင့် ဒ-ဏ်ရာရမှုသတင်းများ မရရှိသေးပေ။
“လူတွေ အပြင်ထွက်ပြေးခဲ့ကြပေမယ့် အဲလောက်လည်း မပြင်းထန်ပါဘူး” ဟု ဆူရီဂါအိုဒဲလ်ဆာပြည်နယ် ဟီနာတူအန်မြို့တောင်ပိုင်းရှိ ဒေသဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲ ဂျိုအီမိုနာတိုက ပြောကြားခဲ့သည်။

image