1 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ဟု ဗင်နီဇွဲလားသမ္မတသစ် ပြော
-------------------------

ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရိုကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လွတ်လပ်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဗင်နီဇွဲလား ယာယီသမ္မတ Delcy Rodríguez က ပြောကြားခဲ့ တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ Delcy Rodriguez က ကျမ်းသစ္စာကျိန်ဆိုပြီး မိန့်ခွန်းပြောကြား ရာမှာ "အခုအချိန်ဟာ ကျွန်မတို့နိုင်ငံအတွက် အလွန်ခက်ခဲတဲ့ အကူးအပြောင်းကာလ ဖြစ်ပါတယ်။ ကျွန်မရဲ့ အဓိက တာဝန်ကတော့ ဗင်နီဇွဲလားနိုင်ငံထဲမှာ ပြည်တွင်းစစ် မဖြစ်အောင် တားဆီးဖို့နဲ့ ငြိမ်းချမ်းရေးကို ပြန်လည် ထိန်းသိမ်းဖို့ပဲ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။ ဗင်နီဇွဲလားနဲ့ အမေရိကန် တာဝန်ရှိသူတွေကလည်း ဗင်နီဇွဲလား ရေနံစိမ်းတွေကို အမေရိကန် သန့်စင်ရေး လုပ်ငန်းရှင်တွေဆီ တင်ပို့ဖို့ ဆွေးနွေးနေတယ်လို့ ပြောကြားထားပါတယ်။

image