1 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲ၌ လုံခြုံရေး ထိရောက်စွာ ဆောင်ရွက်ရန် မှာကြား
----------------------------

ဆက်လက်ကျင်းပမဲ့ ရွေးကောက်ပွဲ အပိုင်း(၂)နဲ့ အပိုင်း(၃)မှာ မဲဆန္ဒရှင်ပြည်သူတွေ စိတ်အေးချမ်းသာ လုံခြုံမှုရှိစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လုံခြုံရေးအစီအမံတွေ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ရွေးကောက်ပွဲကာလ လုံခြုံ ရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။
ဇန်နဝါရီလ(၆)ရက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ တာပါ။
အစည်းအဝေးမှာ ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပခဲ့ချိန်က ကြုံတွေ့ခဲ့ရတဲ့ အားနည်းချက်တွေကို ပြန်လည် သုံးသပ်ပြီး ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်တဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနတွေအနေနဲ့ တာဝန်ရှိသူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ကာ ထိထိရောက်ရောက် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ အပိုင်း(၁)တုန်းက တွေ့ကြုံခဲ့ရတဲ့ မဲပေးစက်ပိုင်းဆိုင်ရာ အားနည်းချက်တွေ၊ လုံခြုံရေး ဆိုင်ရာ အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့တွေ လုံလုံ လောက်လောက် ထားရှိနိုင်ရေးနဲ့ ပြည်သူတွေ သတ်မှတ်ချိန်အတွင်း အဆင်ပြေလွယ်ကူစွာ မဲပေးနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားဖို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပြောကြားခဲ့ပါတယ်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ(၁၁)ရက်နဲ့ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

image