3 ပတ် - ဘာသာပြန်ပါ။

သီဟဇော်ကို ဒဂုံစတားအသင်း လာမယ့်ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခေါ်ယူ

MNL ကလပ် ဒဂုံစတားယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင်တိုက်စစ်ကစားသမား သီဟဇော်ကို လာမယ့် ၂၀၂၆-၂၀၂၇ ရာသီကုန်အထိ စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ကြောင်း သိရပါတယ်။
သီဟဇော်ဟာ ယခုရာသီအစက မလေးရှားစူပါလိဂ်ကလပ် အင်မီဂရီဆမ်အသင်းမှာ တစ်ရာသီစာချုပ်နဲ့ သွားရောက်ကစားခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် ပထမအကျော့ မပြီးဆုံးခင်မှာပဲ စာချုပ်ဖျက်သိမ်းထားခဲ့တာဖြစ်ပါတယ်။
သီဟဇော်ကို အခြားသော မလေးရှားကလပ်အသင်းအချို့က ကမ်းလှမ်းခဲ့ပေမယ့် သီဟဇော်ဟာ ဒဂုံစတားအသင်းနဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာ (၁) ရက်ကတည်းက ကြိုတင်စာချုပ်ချုပ်ဆိုထားတာဖြစ်လို့ စာချုပ်အပေါ်လေးစားသမှုနဲ့ ဒဂုံစတားအသင်းမှာပဲ ကစားဖို့ ကစားသမားက ရွေးချယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
သီဟဇော်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပြည်တွင်းမှာဆိုရင် ဧရာဝတီ၊ ရှမ်းယူနိုက်တက်၊ ပြည်ပမှာဆိုရင် ကမ္ဘောဒီးယားကလပ်အသင်းတွေဖြစ်တဲ့ ခိုကောင်၊ ပရေးဗန်၊ နာဂါဝေါလ်၊ မလေးရှားကလပ် အင်မီဂရီဆမ်အသင်းတွေမှာ ကစားထားခဲ့ပါတယ်။
ဒဂုံစတားယူနိုက်တက်အသင်းဟာ လက်ရှိ MNL ပြိုင်ပွဲ ပွဲစဥ် (၁၁) ကစားပြီးချိန်မှာ (၅) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ် (၁၉) မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံး (၅) သင်းထဲမှာ ရောက်ရှိနေပါတယ်။

image