မြန်မာဘောလုံးအကယ်ဒမီဲများပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ အား/ကာ သိပ္ပံတို့ ပူးပေါင်းပြီး ၂၀၂၆ မြန်မာဘောလုံးအကယ်ဒမီများပြိုင်ပွဲကို ပြီးခဲ့တဲ့ဇန်နဝါရီ (၃) ရက်ကစပြီး ရန်ကုန်မြို့မှာ ကျင်းပနေရာ ယခုအခါ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
ပြိုင်ပွဲကို အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၄၊ အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၅၊ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၄၊ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၅၊ ISPE (ရန်ကုန်)၊ ISPE (မန္တလေး)၊ ISPE (မော်လမြိုင်)နဲ့ တပ်မတော်အကယ်ဒမီအသင်း (၈) သင်း ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင်အသင်း (၈) သင်းကို (၄) သင်း (၂) အုပ်စုခွဲပြီး ပထမအဆင့်အနေနဲ့ ယှဥ်ပြိုင်ကစားစေရာ ဇန်နဝါရီ (၇) ရက် အုပ်စုပွဲများအပြီး အုပ်စု (A) မှာ အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်းက ပထမ၊ ISPE (မော်လမြိုင်) အသင်းက ဒုတိယ၊ အုပ်စု ( မှာ တပ်မတော်အကယ်ဒမီအသင်းက ပထမ၊ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်းက ဒုတိယ ရပ်တည်နိုင်ခဲ့ပါတယ်။
ဆီမိးဖိုင်နယ်ပွဲများကို တစ်ချိန်တည်းအဖြစ် ဇန်နဝါရီ (၉) ရက်၊ မနက် (၇) နာရီခွဲမှာ ကျင်းပမှာဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲများအဖြစ် MFF မြက်ခင်းတုကွင်း (၁) မှာ အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်းနဲ့ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်း၊ MFF မြက်ခင်းတုကွင်း (၂) မှာ တပ်မတော်အကယ်ဒမီအသင်းနဲ့ ISPE (မော်လမြိုင်) အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲများကို ဇန်နဝါရီ (၁၁) ရက်မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။