ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလားလူစာရင်းတွင် ကိုင်လီယန်ဘက်ပေး မပါဝင်
====================
ကိုင်လီယန်ဘက်ပေးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စပိန်စူပါဖလားပြိုင်ပွဲ လူစာရင်းထဲတွင် ပါဝင်လာခြင်း မရှိပါဘူး။
ပြင်သစ်စူပါစတားဟာ ဒူးဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ ဆော်ဒီတွင် ကစားရမယ့် စပိန်စူပါဖလားပြိုင်ပွဲလူစာရင်းတွင် မပါဝင်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီးအလွန်ဆိုအတွက် ကျေနပ်စရာကောင်းတာကတော့ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုး ပြန်လည် ပါဝင်လာနိုင်တာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးဆုဖလားရရှိရေး ကြိုးပမ်းမှုအဖြစ် မနက်ဖြန် ကြာသပတေးနေ့တွင် အက်သလက်တီကိုနှင့် စပိန်စပါဖလားဆီမီးဖိုင်နယ်ကစားရပါမယ်။
ဘက်ပေးဟာ ဒုတိယရာသီသစ်အတွက် လေ့ကျင့်ခန်းဆင်းစဉ် ဘယ်ဖက်ဒူးအဆစ်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး အစောပိုင်းတုန်းက စပိန်စူပါဖလားတွင် ပါဝင်ရန် မျှော်လင့်ခဲ့ပေမယ့်လည်း ဆေးအဖွဲ့က အခြေအနေ ပိုဆိုးလာနိုင်မှုကြောင့် အသုံးမပြုရန် တားဆီးခဲ့ပါတယ်။
ဆေးအဖွဲ့က ရေရှည်အကျိုးမျှော်ကိုးကာ ရာနှုန်းပြည့်ကောင်းမွန်လာချိန်တွင်မှ အသုံးပြုရန် အကြံပေးထားတာလည်း ဖြစ်ပါတယ်။
ဘက်ပေးဟာ ၂၀၂၅-၂၆ ရာသီအတွင်းတွင် ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၂၄ ပွဲကစားထားရာမှာ ၂၉ ဂိုးအထိ သွင်းထားနိုင်ပါတယ်။