ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းဂိုးအများဆုံးသွင်းနိုင်တဲ့ ဘရာဇီးကစားသမားအဖြစ် မှတ်တိုင်သစ်စိုက်ထူလာတဲ့ အိုင်ဂေါ်တီယာဂို
===================

အိုင်ဂေါ်တီယာဂိုဟာ မနေ့ညတုန်းက ဆန်းဒါးလန်းအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဘရန့်ဖို့ဒ်အတွက် နောက်ထပ် ၂ ဂိုးထပ်မံ သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ဘရာဇီးကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ တနင်္ဂနွေနေ့တုန်းက အဲဗာတန်နှင့်ပွဲတွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ် ၁၆ ဂိုးဖြင့် ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းတွင် ဂိုးအများဆုံးသွင်းနိုင်တဲ့ ဘရာဇီးကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာတာလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် သူဟာ ပွဲချိန်မိနစ် ၃၀ တွင် ဆန်းဒါးလန်းဂိုးသမားရိုဘင်ရိုးဖ်အား လိမ်ခေါက်ကျော်ဖြတ်ကာ အဖွင့်ဂိုးသွင်းပြီးနောက် ပွဲချိန် ၆၅ မိနစ်တွင် ၆ ကိုက်စည်းအတွင်းမှ ကီဗင်ရှာဒီရဲ့ ခေါင်းတိုက်ချပေးမှုကနေ ထပ်ဆင့်ခေါင်းတိုက်ပြီး သွင်းယူခဲ့တာပါ။
ပရီးမီးယားလိဂ်သမိုင်းတွင် ဘရာဇီးစတားကစားသမားများအဖြစ် ဂျူနင်ဟို၊ ရော်ဘင်ဟို၊ ဂါဘရီရယ်ဂျေဆူး၊ မာတင်နယ်လီ၊ အလက်ဇန္ဒားပါတို၊ မားသီးယပ်စ်ကန်ညာ၊ လီဗာပူးဂန္ထဝင်ရောဘတ်တိုဖာမီနိုတို့ ကစားခဲ့ကြသလို ကစားနေကြဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ အသက် ၂၄ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်သမိုင်းတွင် တစ်ရာသီတည်းတွင် ဂိုးအများဆုံးသွင်းယူမှုအဖြစ် ၁၆ ဂိုးဖြင့် တစ်ရာသီတည်းတွင် ပရီးမီးယားလိဂ်အများဆုံးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တိုင်စိုက်ထူလာပြီ ဖြစ်ပါတယ်။
တီယာဂိုဟာ ပရီးမီးယားလိဂ်ပထမဆုံးရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ရပြီးနောက် ဒုတိယမြောက်ရာသီတွင် အကောင်းဆုံးပုံစံဖြင့် ကစားလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

image