အီကွေတာအနီးဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလာနိုင်ဟု မိုးဇ/လ ထပ်မံ အတည်ပြု

အီကွေတာအနီးဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ယနေ့ ဇန်နဝါရီ (၇) ရက်တွင် မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ နံနက် (၅) နာရီ မိနစ် (၃၀) အချိန် တိုင်းထွာချက်အရ လေဖိအားနည်းရပ်ဝန်းအဖြစ်မှ နောက် (၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ယနေ့ မိုးဇ/လ၏ ထုတ်ပြန်ချက်၌ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အရှေ့အိန္ဒိယသမုဒ္ဒရာတို့တွင်ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ နောက် (၂၄) နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းကြောင်း ဖော်ပြထားသည်။