1 ပတ် - ဘာသာပြန်ပါ။

စပါးစ်အသင်းအတွင်း စည်းလုံးညီညွတ်ကြောင်း သောမတ်စ်ဖရန့်ပြောကြားလာ
====================

စပါးစ်နည်းပြသောမတ်စ်ဖရန့်က ရလဒ်မကောင်းမွန်မှုကြောင့် ပရိသတ်များရဲ့ ဖိအားပေးမှု ခံနေရပေမယ့်လည်း အသင်းအတွင်း လုံးဝ စည်းလုံးညီညွတ်ကြောင်း ပြောကြားသွားပါတယ်။

စပါးစ်ဟာ တနင်္ဂနွေနေ့တုန်းက ဆန်းဒါးလန်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။ စပါးစ်ဟာ ဆန်းဒါးလန်းနှင့် သရေကျပြီးနောက် နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရထားပါတယ်။

ယခုတစ်ပတ်ထဲတွင် အန်ဇိုမာရက်စ်ကာနှင့် ရူဘင်အမိုရမ်တို့ဟာ အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်ပြီးနောက် ချဲလ်ဆီး၊ ယူနိုက်တက်တို့မှ အသီးသီး ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် ဖရန့်ကတော့ စပါးစ်အသင်းတာဝန်ရှိသူများနှင့် ပြဿနာတစုံတရာ မရှိကြောင်း ဆိုသွားပါတယ်။

ဖရန့်က "ကျွန်တော်တို့အတွက် အကြီးမားဆုံးအရာက အသင်းပိုင်ရှင်နဲ့ လုံးဝ စည်းလုံးညီညွတ်တာပါ။ ဗီနိုင်းက စီအီးအိုအဖြစ်ရော၊ ဦးဆောင်အဖြစ်ရော ကျွန်တော် တွေ့ဖူးသမျှ လူတွေထဲမှာ ဆက်ဆံရေးအကောင်းဆုံးပါ။ သူအရမ်းတော်တယ်။ ကိုယ့်ကိုယ်ကို အဆင်ပြေတယ်လို့ ထင်တာပဲ။ သူက အရမ်းထူးချွန်တယ်။ အတွင်းပိုင်းရော အပြင်ပိုင်းက အရမ်းအရေးကြီးတယ်။ သူက သွေးအေးတယ်။ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ချတယ်။ ဒါက ဘောလုံးမှာ ရှားပါးတဲ့ အရည်အချင်းပါ"လို့ ပြောကြားသွားပါတယ်။

စပါးစ်ဟာ ယနေ့ညတွင် ဘုန်းမောက်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။ စပါးစ်ဟာ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲမရှိပေမယ့်လည်း Open Play မှ ဂိုးရရှိထားခြင်း မရှိပါဘူး။