1 ပတ် - ဘာသာပြန်ပါ။

အမိုရမ် မရှိတော့ပေမယ့်လည်း ရက်ဖို့ဒ်ရဲ့ ယူနိုက်တက်ကစားသမားဘဝ အဆုံးသတ်သွားပြီ
=====================

မားကပ်စ်ရက်ဖို့ဒ်အပါအဝင် အငှားဖြင့် ထွက်ကစားနေတဲ့ ကစားသမားများမှာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံခဲ့ရပြီးဖြစ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်သို့ ပြန်ရောက်လာဖို့ မရှိတော့ပါဘူး။

မားကပ်စ်ရက်ဖို့ဒ်၊ ဂျာဒွန်ဆန်ချို၊ ရာစမပ်စ်ဟွိုက်လန်း၊ အင်ဒရေအိုနာနာတိုဟာ ယူနိုက်တက်ကို ရူဘင်အမိုရမ် ကိုင်တွယ်တဲ့ ၁၄ လတာကာလအတွင်း အငှားဖြင့် ထွက်ကစားခဲ့ရသူများ ဖြစ်ကြပါတယ်။

ဒါပေမယ့် ယူနိုက်တက်စီနီယာဝန်ထမ်းများက ယင်းကစားသမားများကို အမိုရမ် မရှိတော့တဲ့အချိန်တွင်လည်း အသင်းတွင် ဆက်ထိန်းထားရန် ဆန္ဒမရှိရာ လက်ရှိ အခြေအနေမှာ အပြောင်းအလဲ ဖြစ်လာဖို့ အခြေအနေတွင် မရှိပါဘူး။

ရက်ဖို့ဒ်ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက အမိုရမ် ကိုင်တွယ်တဲ့ ပထမဆုံးပွဲတွင် ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း ပြဿနာတက်ပြီးနောက် အသင်းမှ ထွက်ခွာခဲ့ရပါတယ်။

ထိုစဉ်တုန်းက ရူဘင်အမိုရမ်က အသင်းအတွက် အစွမ်းကုန် မကြိုးစားတဲ့ ကစားသမားကို အသုံးပြုမယ့်အစား သူ့ရဲ့ဂိုးနည်းပြကိုသာ ကစားစေမည်လို့ လူသိရှင်ကြား ပြောဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ဗီလာသို့ အငှားဖြင့် သွားကစားခဲ့ရပြီးနောက် နွေရာသီတွင် ဘာစီလိုနာသို့ ပေါင်သန်း ၃၀ ဖြင့် အပြီးသတ်ပြောင်းနိုင်မယ့်အချက်ဖြင့် အငှားဖြင့် ထပ်မံ ထွက်ခွာခဲ့ပါတယ်။

သူဟာ စပိန်သို့ ရောက်ချိန်တွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိလာပြီး ၇ ဂိုးသွင်းကာ ၈ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်တာဝန်ရှိသူများက အဝတ်အစားလဲခန်းယဉ်ကျေးမှုကို ပိုကောင်းအောင် ပြုလုပ်လိုနေမှုနှင့်အတူ ရက်ဖို့ဒ်အား ပြန်လည်ခေါ်ဆောင်ရန် အစီအစဉ် မရှိပါဘူး။

လက်ရှိအချိန်တွင် ဗီလာမှာ အငှားဖြင့် သွားကစားနေတဲ့ ဆန်ချို့မှာလည်း ပြန်လာခွင့်ရလာဖို့ မရှိပါဘူး။

သူဟာ အဲရစ်တန်ဟက်၊ ရူဘင်အမိုရမ်တို့နှင့် ပြဿနာတက်ပြီးနောက် ဒေါ့မွန်၊ ချဲလ်ဆီးသို့လည်း အငှားဖြင့် သွားကစားခဲ့ရပါတယ်။

ချဲလ်ဆီးဟာ သူ့ကို အပြီးသတ် မခေါ်ယူဘဲ ယူနိုက်တက်အား နစ်နာကြေး ပေါင် ၅ သန်းပေးခဲ့ရပါတယ်။

သူဟာ လက်ရှိအချိန်တွင် ဗီလာမှာလည်း အကောင်းဆုံးပုံစံ ပြသရန် ရုန်းကန်နေရပါတယ်။

နာပိုလီတွင် အငှားဖြင့် ကစားနေတဲ့ ဟွိုက်လန်းမှာလည်း အီတလီတွင် အကောင်းဆုံးပုံစံ ပြန်လည် ရရှိနေပါတယ်။

နာပိုလီဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပါက ဟွိုက်လန်းအား ပေါင် ၃၈ သန်းဖြင့် အပြီးသတ်ခေါ်ယူမယ့်အချက်ကို ထည့်သွင်းထားပါတယ်။

အိုနာနာမှာလည်း တူရကီကလပ် ထရက်ဇွန်စပေါ်တွင် အငှားဖြင့် သွားကစားနေပြီး အကောင်းဆုံးပုံစံ ပြသနေသလို လုပ်ခနှစ်ဆ ရရှိနေမှုကြောင့် ပျော်ရွှင်နေပါတယ်။