1 ပတ် - ဘာသာပြန်ပါ။

စထရာဘော့အသင်းအား ကိုင်တွယ်ရန် ဘုန်းမောက်နည်းပြဟောင်းအိုနေးလ် သဘောတူညီမှု ရရှိ
=====================

ဂယ်ရီအိုနေးလ်ဟာ ချဲလ်ဆီးအား ကိုင်တွယ်ရန် ထွက်ခွာသွားတဲ့ လီယန်ရိုစီနီယာရဲ့ စထရာဘော့နည်းပြရာထူးအား ရယူရန် သဘောတူညီမှု ရရှိလာပါတယ်။

အသက် ၄၂ နှစ်ရှိ အိုနေးလ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဝုဗ်ရဲ့ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ဘုန်းမောက်ကို ၂၀၂၂-၂၃ ရာသီဉ်တုန်းက တန်းမဆင်းရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရကာ အန်ဒိုနီအိုင်ရာအိုလာနှင့် အစားထိုးခြင်းခံခဲ့ရပါတယ်။

သူဟာ စထရာဘော့ ပထမဆုံးပွဲအဖြစ် စနေနေ့ တတိယတန်းကလပ် Avranches နှင့် Coupe de France ပွဲစဉ်အား စတင်ကိုင်တွယ်လာပါမယ်။

စထရာဘော့ကို ချဲလ်ဆီးပိုင်ရှင် Blue Co ကပင် ပိုင်ဆိုင်တာ ဖြစ်ပြီး ပရိသတ်များဟာ ရိုစီနီယာအား လက်လွှတ်လိုက်ရမှုအပေါ် ဒေါသထွက်လျက်ရှိကြပါတယ်။