မန်စီးတီးဘက်က ပေါင်သန်း ၄၀ ပေးလာပါက ယခုလတွင် အသင်းခေါင်းဆောင်ဂူဟီကို ရောင်းချလာမယ့် ခရစ္စတယ်ပဲလေ့စ်
=====================
ခရစ္စတယ်ပဲလေ့စ်ဟာ ၎င်းတို့တောင်းဆိုတဲ့အတိုင်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ပေးလာမည်ဆိုပါက အသင်းခေါင်းဆောင်မာ့ခ်ဂူဟီကို ယခုလတွင်ပင် မန်စီးတီးသို့ ရောင်းချလာပါမယ်။
မန်စီးတီးဟာ ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့ရပြီးနောက် ခံစစ်အား အားဖြည့်ရန် လိုအပ်နေပြီး မာ့ခ်ဂူဟီမှာ နံပါတ်တစ်ပစ်မှတ်ဖြစ်နေပါတယ်။
မန်စီးတီးဟာ ရူဘင်ဒီယာ့စ်၊ ဂျွန်စတုန်းတို့အပြင် ဂျို့စ်ကိုဂဗာဒီယော်မှာလည်း ခြေထောက်ကျိုးဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာ ဖြစ်လို့ ခံစစ်ကို အားဖြည့်ရန် လိုနေပါတယ်။
ပဲလေ့စ်နည်းပြဂလပ်စ်နာဟာ ဂူဟီကို မဆုံးရှုံးလိုပေမယ့်လည်း ကလပ်ဘက်ကမူ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ရရှိလာလျှင် ရောင်းချရန် အသင့်ရှိနေပါတယ်။
ဒါပေမယ့် မန်စီးတီးနှင့် ပဲလေ့စ်အနေဖြင့် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာနိုင်တဲ့ ဂူဟီမှာ လက်မှတ်ထိုးကြေးများစွာ ရရှိနိုင်တဲ့အခြေအနေကြောင့် နားချနိုင်ဖို့ လိုပါသေးတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ နွေရာသီတုန်းက ဂူဟီကို ပေါင် ၃၅ သန်းဖြင့် လီဗာပူးသို့ ရောင်းချရန် သဘောတူညီမှု ရခဲ့ပြီးဖြစ်ပေမယ့် အစားထိုးနိုင်မယ့် ကစားသမားရှာမတွေ့မှုကြောင့် ရောင်းချရေးအား ဖျက်သိမ်းခဲ့ပါတယ်။