လေဗာကူဆင်မှ ထုတ်ပယ်ခြင်းခံရပြီး လေးလအကြာတွင် ဘောလုံးလောကသို့ ပြန်လည်ခြေချလာတဲ့ အဲရစ်တန်ဟက်
========================

အဲရစ်တန်ဟက်ဟာ လေဗာကူဆင်မှ ထုတ်ပယ်ခြင်းခံရပြီး လေးလအကြာတွင် ဘောလုံးလောကသို့ ရာထူးသစ်ဖြင့် ပြန်လည် ဝင်ရောက်လာပါတယ်။

ယူနိုက်တက်နည်းပြဟောင်းဟာ လေဗာကူဆင်အား ဘွန်ဒက်စ်လီဂါ ၂ ပွဲတည်းသာ ကိုင်တွယ်ခွင့်ရပြီးနောက် စက်တင်ဘာလတွင် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ ပထမဆုံးပွဲဖြစ်တဲ့ စတုတ္ထတန်းကလပ်နှင့် ဂျာမန်ပိုကယ်ဖလားပွဲတွင် အနိုင်ရခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ ၂ ပွဲလုံး အနိုင်မရပြီးချိန်မှာတော့ အသင်းရှိ တာဝန်ရှိသူများ၊ ကစားသမားများနှင့် အဆင်မပြေဖြစ်ကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ နိုဝင်ဘာလတုန်းက ဝုဗ်နည်းပြရာထူးအတွက် ရေပန်းစားခဲ့သလို အသင်းဟောင်းအေဂျက်စ်ကို ကိုင်တွယ်မယ်လို့လည်း သတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့် အသက် ၅၅ နှစ်ရှိ အဲရစ်တန်ဟက်ဟာ ကစားသမားဘဝတုန်းက နှစ်ကြိမ်တိုင်တိုင် ကစားခဲ့တဲ့ ဒတ်ချ်ကလပ် တွမ်တီးတွင် နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ကာ ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

သူဟာ တွမ်တီးနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ၂၀၂၆-၂၇ ရာသီအစတွင် က်ရှိ နည်းစနစ်ဒါရိုက်တာဂျန်စထရူးယာနေရာမှာ တာဝန်ထမ်းဆောင်လာပါမယ်။ ဒါပေမယ့် သူဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အသင်းဟောင်းတွမ်တီးတွင် အခြားရာထူးတစ်ခုဖြင့် စတင်တာဝန်ထမ်းဆောင်လာပါမယ်။