လောကမှာ ကိုယ့်ကို လူတိုင်းကြိုက်အောင်
နေဖို့ မဖြစ်နိုင်ဘူး။
ကိုယ့်ကို မုန်းတဲ့သူက မုန်းမှာပဲ၊
ကိုယ်ကို အပြစ်မြင်တဲ့သူက တော့ မြင်ကို မြင်နေမှာပဲ။
ဒါကို ကိုယ်က ကိုယ့်ကို မမုန်းပါနဲ့ ၊ အပြစ်မမြင်ပါနဲ့လို့ လိုက်ပြောနေလို့မှ မရတာ။
သာမာန်လူသားတွေ မပြောနဲ့ ၊ လောကကောင်းကျိုးပဲ ဆောင်ခဲ့တဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားရှင်တောင် မကြိုက်တဲ့သူ ၊ ဝေဖန် အပြစ်တင်တဲ့သူ ၊ မနာလို မုန်းတီးသူဆိုတာ ရှိခဲ့ဖူးတာပဲလေ။
ဒါကြောင့် သာမာန်လူသားဖြစ်တဲ့ ကိုယ့်အပေါ် မုန်းတီးတဲ့သူ ၊ အပြစ်တင်ဝေဖန်တဲ့သူတွေ ရှိနေတာ ဘယ်ဆန်းတော့မလဲ။
ဒီအခါမျိုးမှာ ဘယ်လို နှလုံးသွင်းရမလဲဆိုတော့ ကိုယ့်ကို မုန်းနေတာ သူ့အပိုင်း ၊ ဝေဖန်နေတာက သူ့အပိုင်းပဲ။
ကိုယ့်ဘဝ ကိုယ်ကောင်းအောင် တည်ဆောက်ရမှာက ကိုယ့်အပိုင်းပဲလို့သာ နှလုံးသွင်း ထား။
အရေးအကြီးဆုံးကတော့ တခြားသူတွေ ဝေဖန်အပြစ်တင်ယုံ ၊ မနာလို မုန်းတီးနေယုံနဲ့ ကိုယ်လျောက်မဲ့လမ်း လွဲမသွားစေဖို့ပဲ လိုတယ်။
ပါချုပ် ဆရာတော် ဘုရားကြီး
ဒေါက်တာ နန္ဒမာလာ ဘိဝံသ
#တရားတော်