1 ပတ် - ဘာသာပြန်ပါ။

KK Park နယ်မြေမှ ဖြိုချဖျ-က်ဆီးရန် တရားမဝင်အဆောက်အအုံ(၂၅)လုံးသာကျန်ရှိ (၆၁၀)လုံးဖြိုချပြီးဖြစ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော တရားမဝင်အဆောက်အအုံများကိုဖြိုချဖျ-က်ဆီးလျက်ရှိရာ လက်ရှိအချိန်၌ တရားမဝင်အဆောက်အအုံ(၆၁၀)လုံးကိုဖြိုချပြီးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော တရားမဝင်အဆောက်အအုံ(၆၃၅)လုံးအနက် (၆၁၀)လုံးဖြိုချဖျ-က်ဆီးပြီးဖြစ်ရာ ကျန်ရှိသည့် အဆောက်အအုံ (၂၅)လုံးကိုလည်း ပူးပေါင်းအဖွဲ့ဝင်များက စနစ်တကျဆက်လက်ဖြိုချဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။
ထို့အတူ KK Park နယ်မြေအပိုင်း(၃)ရှိ တရားမဝင်အဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျ-က်ဆီးပြီးခဲ့သည့် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျ-က်စီးစေရန် လေအိုးမီးအိုးဖြင့် ထပ်မံဖျ-က်ဆီးမှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။