1 ပတ် - ဘာသာပြန်ပါ။

ဗြိတိန်တင်းနစ်မယ် ရာဒူကာနူ ခြေဖဝါးဒဏ်ရာရရှိ
-----------------------

ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ ခြေဖဝါးဒဏ်ရာကြောင့် ယူနိုက်တက်ဖလားပြိုင်ပွဲရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ယှဉ်ပြိုင်ရမယ့်ပွဲကို လွဲချော်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ ယူနိုက်တက်ဖလားပြိုင်ပွဲဝင် ဗြိတိန် အသင်းမှာ ရာဒူကာနူပါဝင်လာခဲ့ပြီး ဂျပန်အသင်းက တင်းနစ်မယ် အိုဆာကာနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။
ရာဒူကာနူဟာ ၂၀၂၁ ခုနှစ်မှာ ယူအက်စ်အိုးပင်း ချန်ပီယံဆုကို ရယူနိုင်ပြီးနောက် အနာဂတ်မှာ တောက်ပလာမယ့် လူငယ်မျိုးဆက်သစ် တင်းနစ်မယ်အဖြစ် အားလုံးက မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ရာဒူကာနူဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ကြံ့ခိုင်မှုလည်း မပြည့်ဝတာကြောင့် ရလဒ်ကောင်းတွေနဲ့ ဝေးခဲ့ရသလို လက်ရှိမှာလည်း ကမ္ဘာ့အဆင့် ၂၉ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် ရာဒူကာနူဟာ အောက်တိုဘာလနောက်ပိုင်း ပထမဆုံးပြိုင်ပွဲဝင်ပြိုင်မှုအဖြစ် ယူနိုက်တက် ဖလားပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်ထား ခဲ့တာဖြစ်ပေမယ့် ခြေဖဝါးဒဏ်ရာကြောင့် ပွဲကိုလွဲချော်ခဲ့တာဖြစ်တယ်လို့ ဗြိတိန်အသင်းခေါင်းဆောင် ဟမ်းမန်းက အတည်ပြုခဲ့ပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းလောက်ထဲက ရာဒူကာနူဟာ ခြေဖဝါးဒဏ်ရာကို ခံစားနေခဲ့ရတာ ဖြစ်ပြီး လက်ရှိအချိန်မှာ နာကျင်မှုတွေ ခံစားနေရဆဲဖြစ်တယ်လို့ ဟမ်းမန်းက ပြောပါတယ်။ အသင်းရဲ့ လာမယ့်ပွဲတွေ မှာလည်း ရာဒူ ကာနူရဲ့ ဒဏ်ရာအခြေအနေတိုးတက်မှုကို စောင့်ကြည့်ပြီးမှ ကစားခွင့်ပြု၊မပြု ဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ် တယ်လို့ သိရပါတယ်။