1 ပတ် - ဘာသာပြန်ပါ။

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ သက်တော် (၆၃) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော် လာရောက်ဖူးမြော်သူများပြား
------------

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ မိုင်းဖုန်းသာသနာ့မြေမှာကျင်းပနေတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တညဏသံဝရရဲ့ သက်တော် (၆၃) နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က‌နေ ဇန်နဝါရီ ၆ ရက်​နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပနေရာမှာ အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြော်သူ​တွေ များပြားခဲ့တယ်လို့ သိရပါတယ်။
မိုင်းဖုန်းဆရာတော်ကြီးမှ ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် နှီးဘုရားအနီးရှိ တရားဟောစင်မှာ ကြွရောက်လာတဲ့ ပရိသတ်ကို တရားဟောကြားတော်မူခဲ့ပြီး ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီမှာ မိုင်းဖုန်းဆရာတော်ကြီးကို ရေသပ္ပါယ်ပူဇော်ပြီးနောက် ဆရာတော်ကြီးက ဝစီပိတ်အဓိဌာန်ဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီအချိန်မှာ​တော့ လွန်းလိန်းစေတီတော်ကျောင်းဝင်း ဆွမ်းစားကျောင်းဆောင် အနီးရှိ ဓမ္မာရုံမှာ မိုင်းဖုန်းဆရာတော်ကြီးကို ရှိခိုးကန်တော့ပြီး ဝိဇာတမွေးနေ့ပွဲအလှူကို ရေစက်ချအမျှ​ပေးဝေမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပည့်ဒါယိကာ၊ ဒါယိကာမတွေကိုလည်း တရားရေအေးတိုက်ကျွေးမှာဖြစ်တယ်လို့ သိရပါတယ်။