ဂျပန်အနောက်ပိုင်းတွင် ပြင်းအား ၆.၂ ရှိ ငလျင်လှုပ်ခတ်
-----------------------

ဒီကနေ့ ဇန်နဝါရီလ ၆ ရက် မနက်အစောပိုင်းက ဂျပန်နိုင်ငံ အနောက်ပိုင်း ချူဂိုကုဒေသမှာ ကနဦး ပြင်းအား ၆.၂ ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်ကြီးတွေလည်း လှုပ်ခတ်ခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ က ပြောကြားခဲ့တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။ ပထမဆုံး ငလျင်ဗဟိုချက်ဟာ ရှီမာနဲ စီရင်စု အရှေ့ပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ဆူနာမီအန္တရာယ် မရှိဘူးလို့ ဂျပန်မိုးလေဝသအေဂျင်စီက ထပ်လောင်း ပြော ကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ရှားမှု အများဆုံးနိုင်ငံတွေထဲက ဂျပန်နိုင်ငံဟာ ငလျင်လှုပ်ခတ်မှုအဖြစ် အများဆုံးဖြစ်ပါတယ်။ ငလျင်လှုပ်ပြီးနောက် Shin-Osaka နဲ့ Hakata အကြား ကျည်ဆန်ရထားပြေးဆွဲမှုတွေကို လည်း ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။