အာဖရိကဖလား ၁၆ သင်းရှုံးထွက်အဆင့်မှ ထွက်ခဲ့ရပြီးနောက် နည်းပြထရာဘယ်ဆီကို တူနီးရှားထုတ်ပယ်လာ
======================
တူနီးရှားနည်းပြဆာမီထရာဘယ်ဆီဟာ အာဖရိကဖလား ၁၆ သင်း ရှုံးထွက်အဆင့်တွင် မာလီအား ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီးနောက် ရာထူးမှ ထုတ်ပယ်ခြင်းခံလာရပါတယ်။
၂၀၀၄ ခုနှစ်အာဖရိကဖလားချန်ပီယံဟာ ကာဆာဘလင်ကာတွင် မိနစ် ၉၀ ကျော် အချိန်ပိုအထိ တစ်ယောက်အသာဖြင့် ကစားခဲ့ရပေမယ့် ပြိုင်ပွဲမှ ထွက်ခဲ့ရတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ တူနီးရှားဟာ ၈၈ မိနစ်တွင် ဦးဆောင်ဂိုးရရှိပြီး ဦးဆောင်ပြီးမှ အချိန်ပို ၉၆ မိနစ်တွင် ပင်နယ်တီမှ တဆင့် ချေပဂိုးပေးခဲ့ရကာ ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ခဲ့ရတာပါ။
အသက် ၅၇ နှစ်ရှိ ထရာဘယ်ဆီဟာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလတုန်းက တူနီးရှားအသင်းကို ဒုတိယအကြိမ်မြောက် ကိုင်တွယ်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယင်းမတိုင်မီ တူနီးရှားကို ၂ နှစ်နီးပါး ကိုင်တွယ်ခဲ့ပြီး ၂၀၁၃ အာဖရိကဖလားပြိုင်ပွဲအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ထွက်ခွာခဲ့ရတာပါ။
မြောက်အာဖရိကအသင်းဟာ မော်ရိုကိုတွင် ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲ အုပ်စု(ဂ)တွင် အုပ်စုဒုတိယအဖြစ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ခဲ့တာလည်း ဖြစ်ပါတယ်။