ဆဲလ်တစ်ကို အနိုင်ရပြီး နာရီအနည်းငယ်အကြာတွင် အရက်သောက်စားပြီး ယာဉ်မတော်တဆမှုဖြစ်ကာ ဖမ်းဆီးခံခဲ့ရတဲ့ ရိန်းဂျားစတား
=======================

ရိန်းဂျားစတားဒူဂျွန်စတာလင်းဟာ ဆဲလ်တစ်ကို အနိုင်ရပြီးနောက် နာရီအတန်ကြာတွင် ယာဉ်မတော်တဆဖြစ်ပွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
အသက် ၂၆ နှစ်ရှိ နောက်ခံလူဟာ စနေနေ့တုန်းက Parkhead တွင် ဆဲလ်တစ်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့သူများထဲမှ တစ်ဦး ဖြစ်ပါတယ်။
ယင်းပွဲအပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က ဂလက်စကိုရှိ ကောင်းကက်ဒန်ဧရိယာတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုသွားပါတယ်။
သူဟာ တနင်္ဂနွေနေ့ နံနက် ၁ နာရီ ၂၅ မိနစ်အချိန်တွင် ဝက်စ်ဂရေဟမ်လမ်းတွင် လမ်းဘေးအတားအဆီးကို တိုက်မိခဲ့တာ ဖြစ်ပြီး လေအိတ်ပွင့်သွားပါတယ်။
ကံကောင်းထောက်မစွာ စတာလင်းဟာ ဒဏ်ရာတစုံတရာ ရရှိခဲ့ခြင်း မရှိပေမယ့်လည်း အရက်သောက်စားကာ ယာဉ်မောင်းနှင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
စတာလင်းဟာ ယာဉ်မတော်တဆမှုအတွက် နောက်ပိုင်းတွင် ရုံးတက် တရားရင်ဆိုင်လာရဖို့ ရှိနေပါတယ်။