ဒက်ကလန်ရိုက်ကို ကမ္ဘာ့အကောင်းဆုံးတစ်ယောက်လို့ အာတေတာ ချီးကျူး
အာဆင်နယ်အသင်းနည်းပြ အာတေတာက ကွင်းလယ်လူ ဒက်ကလန်ရိုက်ကို ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်လို့ ချီးကျူးခဲ့ပါတယ်။
ဒက်ကလန်ရိုက်စ်ဟာ ဘုန်းမောက်နဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းပေးခဲ့တာပါ။
၎င်းအနေနဲ့ အခုပွဲမှာ defensive midfield role ထက် No.8 role ပုံစံ ကစားခဲ့ရပြီး ခြေစွမ်းပြနိုင်
ခဲ့ပါတယ်။
အာတေတာက ''ကျွန်တော်တို့မှာရှိတဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်ပေါ့။ ဒက်ကလန်ဟာ အသင်းမှာရှိတဲ့ သူ့ရဲ့အခန်းကဏ္ဍ၊ သူ့ရဲ့ပွဲကို ပုံမှန်မြှင့်တင်နေသူပါ။ သူ ဘယ်နေရာမှာ ရပ်တန့်မလဲဆိုတာ ကျွန်တော် မမြင်မိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ များစွာတိုးတက်နိုင်သေးပြီး သူကလည်း တိုးတက်မှုကို လိုချင်ပါတယ်။ သူဟာ ကျွန်တော်တို့အဖို့ အဓိကကျတဲ့ ကစားသမားတစ်ယောက်ပါပဲ''
လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒက်ကလန်ရိုက်စ်ဟာ ၂၀၂၃ ခုနှစ်မှာ ဝက်စ်ဟမ်းအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ အာဆင်နယ်အသင်းထံ ရောက်ရှိလာတာဖြစ်ပါတယ်။