အသင်းကစားသမားတချို့ကို ထွက်ခွာခွင့်မပေးနိုင်ကြောင်း အာမိုရင်မ် ပြောကြား
မန်ယူနိုက်တက်အသင်းနည်းပြ ရူဘင်အာမိုရင်မ်က လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းကစားသမားတချို့ကို ထွက်ခွာခွင့်မပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဇက်ဇီး၊ မိန်နူးစတဲ့ ကစားသမားတွေဟာ အခုလအတွင်းမှာ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတာပါ။
''ကျွန်တော်တို့အသင်းလူစာရင်းကိုကြည့်ရင် တစ်စုံတစ်ယောက်ကို ထွက်ခွာခွင့်ပေးဖို့ မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ သူတို့အနေနဲ့ ဂျေဆင်(ဝဲလ်ကော့၊ ဘောလုံးဒါရိုက်တာ)နဲ့ စကားပြောဖို့တော့ လိုပါတယ်''လို့ အာမိုရင်မ်က ပြောခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက အမ်ဘူမို၊ ကူညာ၊ ရှက်ရှကိုတို့ သုံးဦးခေါ်ယူမှုအတွက် ပေါင် သန်း ၂၀၀ အသုံးပြုခဲ့ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာ အာဆင်နယ်၊ မန်စီးတီးပြီးနောက် တတိယဂိုးအများဆုံးအဖြစ် ရပ်တည်နေပေမဲ့ တခြားနေရာအချို့မှာ လိုအပ်ချက်တွေ ရှိနေပါတယ်။
မန်ယူနိုက်တက်အနေနဲ့ ကွင်းလယ်၊ ခံစစ်အစွန်နေရာများကို လာမယ့်နွေရာသီမှာ အင်အားဖြည့်ဖို့လည်း ပြင်ဆင်နေပါတယ်။