ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ပြန်လွတ်လာ
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဖမ်းဆီးခံရာ ပုဒ်မ ၅၀၅- က နှင့် အရေးယူခံခဲ့ရသည့် ပြန်ကြားရေးဝန် ကြီးဟောင်း ဦးရဲထွဋ်ကို ယနေ့လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို သမ္မတပြောရေးဆို ခွင့်ရှိသူလည်းဖြစ်ခဲ့သည့် ဦးရဲထွဋ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၈) ရက် ညပိုင်းတွင် ပုဒ်မ ၅၀၅- က နှင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။
၎င်းအား ယနေ့ ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယနေ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/အကျဉ်းသူ (၆,၀၀၀) ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးထားပြီး အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/သူ (၈၅၀) ပြန်လွတ်လာကြောင်း သိရသည်။