မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် သက်တမ်းတိုးထုတ်ပေးရေး ရက်ထပ်တိုး

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ရာတွင် သတ်မှတ်ရက်ထက် ထပ်တိုးပေးထားကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့များနှင့် Mobile Unit ၁ ခုကို ကရာဘီမြို့တွင် ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့် CI သက်တမ်းတိုး ထုတ်ပေးခြင်းလုပ်ငန်းစဉ်များသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြီးစီးမည်ဖြစ်သည်။
CI သက်တမ်းတိုး ဆောင်ရွက်ရန်ကျန်ရှိသည့်သူများအနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်မီ အချိန်မီ CI သက်တမ်းတိုးဆောင်ရွက်ရန် အသိပေးကြေညာချက်တစ်ရပ်အား ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ယခုအခါ Cl သက်တမ်းတိုးပြုလုပ်ရန် 7-Eleven ဆိုင်များတွင် ငွေပေးသွင်းပြီးသူများ ကျန်ရှိနေသည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို နောက်ဆုံးအကြိမ်အဖြစ် ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အလုပ်သမားများအနေဖြင့် သတ်မှတ်ကာလအမီ CI သက်တမ်းတိုး အမြန်ဆုံးသွားရောက်ဆောင်ရွက်ရန် အသိပေးထားသည်။