1 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်ရှုံးပွဲတွင် အငြင်းပွားဖွယ်ပွဲသိမ်းခရာမှုတ်မှုအတွက် ဘုန်းမောက်ကစားသမားများ အကြီးအကျယ်ပေါက်ကွဲခဲ့ကြ
========================

ဘုန်းမောက်ကစားသမားများဟာ အာဆင်နယ်နှင့်ပွဲစဉ်တွင် အငြင်းပွားဖွယ် ပွဲသိမ်းခရာမှုတ်မှုအပေါ် ဒိုင်လူကြီးအား အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။
ဘုန်းမောက်တို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်နေပြီး ချေပဂိုးရရှိရေး အသည်းအသန် ကြိုးပမ်းနေချိန်တွင် လက်ပစ်ဘော ရရှိခဲ့ပါတယ်။
အန်တိုနီဆီမန်ယိုက ယင်းလက်ပစ်ဘောကို ပင်နယ်တီဧရိယာအတွင်းသို့ ပစ်မြှောက်ခဲ့ပြီး ခေါင်းတိုက်ရှင်းထုတ်လိုက်ချိန်တွင် သူ့ဆီသို့ ထပ်မံ ရောက်လာပါတယ်။ အန်တိုနီဆီမန်ယိုက ယင်းဘောလုံးကို ဖြတ်တင်ဘောပြုလုပ်ရန် ဟန်ပြင်နေစဉ် ဒိုင်လူကြီးခရစ်ကာဗာနစ်ချ်က ပွဲသိမ်းခရာမှုတ်ခဲ့ပါတယ်။
ဘုန်းမောက်ကစားသမားများနှင့် နည်းပြအန်ဒိုနီအိုင်ရာအိုလာတို့ဟာ အငြင်းပွားဖွယ်ပွဲသိမ်းခရာမှုတ်ခဲ့တဲ့ ကာဗာနစ်ချ်ကို အကြီးအကျယ် ဒေါသထွက်ကာ ဝိုင်းဝန်းစောဒကတက်ခဲ့ကြပါတယ်။
ပွဲအပြီးတွင် အိုင်ရာအိုလာက "ပွဲကို အဲဒီနေရာမှ သိမ်းလို့ မရပါဘူး။ ပထမပိုင်းတုန်းကလည်း ဒီအတိုင်းပဲ။ စိတ်ပျက်စရာကောင်းပါတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းပွဲစဉ်တွင် ဘုန်းမောက်ဟာ ပွဲအစ ၁၀ မိနစ်မှာပင် အာဆင်နယ်နောက်ခံလူဂါဘရီရယ်ရဲ့ အမှားမှ တဆင့် အီဗာနယ်ဆင်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၆ မိနစ်အကြာမှာ ဘရာဇီးနောက်ခံလူဟာ သူ့အမှားကြောင့် ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးအား ပြန်လည်ချေပဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက် ဒီကလန်ရိုက်က အာဆင်နယ်အတွက် ၂ ဂိုးထပ်မံသွင်းခဲ့ပြီး ပွဲပြီးရန် ၁၅ မိနစ်အလိုတွင် အီလီခရူပီက ဘုန်းမောက်အတွက် ချေပဂိုးသွင်းခဲ့ပါတယ်။
အာဆင်နယ်ဟာ ဘုန်းမောက်အား ၂-၁ ဖြင့် အနိုင်ရရှိကာ ဒုတိယနေရာမှ ဗီလာကို ၅ မှတ်၊ တတိယနေရာမှ မန်စီးတီးကို ၇ မှတ် အသီးသီး ဖြတ်လာပါတယ်။