1 ပတ် - ဘာသာပြန်ပါ။

မက်ဆီတောင် လက်ရွေးစင်အတွက် ကစားခွင့်မရလာစေမယ့် စည်းမျဉ်းသစ်အား အာဂျင်တီးနားပြဌာန်းလာ
=======================

အာဂျင်တီးနားဟာ လီယွန်နယ်မက်ဆီတောင် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစားခွင့်မရလာစေမယ့် စည်းမျဉ်းဥပဒေသစ်အား ပြဌာန်းလာပါတယ်။
အသက် ၃၈ နှစ်ရှိ မက်ဆီဟာ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
မက်ဆီဟာ Newell's Old Boys အကယ်ဒမီတွင် လူငယ်ကစားသမားဘဝ စတင်ပြီးနောက် ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့တွင် ကစားခဲ့ကာ လက်ရှိအချိန်တွင် မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီတွင် ကစားနေပါတယ်။
လက်ရှိအချိန်အထိ မက်ဆီဟာ ၉၇၃ ပွဲကစားထားရာမှာ ၇၉၂ ဂိုးသွင်းထားနိုင်ပါတယ်။
သူဟာ Ballon d'Or ဆုကို ၈ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးထားသလို လာလီဂါဖလား ၁၀ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်လည်း ဆွတ်ခူးထားပါတယ်။
လက်ရွေးစင်အသင်းအဆင့်တွင် သူဟာ အာဂျင်တီးနားအတွက် ၁၉၆ ပွဲကစားထားရာမှာ ၁၁၅ ဂိုးသွင်းကာ ကိုပါအမေရိကဖလား ၂ ကြိမ်နှင့် ၂၀၂၂ ကမ္ဘာ့ဖလားဆွတ်ခူးထားပါတယ်။
ဒါပေမယ့် မကြာသေးမီတုန်းက အာဂျင်တီးနားတွင် ပြဌာန်းလာတဲ့ စည်းမျဉ်းသစ်အရ မက်ဆီသာ လက်ရှိအချိန်တွင် ဘောလုံးကစားသမားဘဝစတင်ခါမှာသာရှိမယ်ဆိုရင် အာဂျင်တီးနားအသင်းအတွက် ကစားခွင့်ရလာမှာ မဟုတ်ပါဘူး။
အာဂျင်တီးနားတွင် ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်အား အာဂျင်တီးနားကလပ်တစ်ခုခုနှင့် ချုပ်ဆိုခြင်း မရှိဘဲ ဥရောပတွင် ကျင်လည်နေတဲ့ မည်သည့်ကစားသမားကိုမျှ လက်ရွေးစင်အသင်းတွင် မရွေးချယ်မယ့် စည်းမျဉ်း ပြဌာန်းလာတာပဲ ဖြစ်ပါတယ်။
အာဂျင်တီးနားဟာ အာဂျင်တီးနားဒေသတွင်း ကလပ်များတွင် ကစားသမားဘဝစတင်သူများကိုသာ လက်ရွေးစင်အသင်းတွင် ရွေးချယ်လာတော့မှာလည်း ဖြစ်ပါတယ်။
မက်ဆီဟာ Newell's Old Boys အကယ်ဒမီတွင် ကစားနေစဉ် ဘာစီလိုနာအကယ်ဒမီသို့ ပြောင်းခဲ့တာ ဖြစ်ပြီး နူးကမ့်တွင် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာတာလည်း ဖြစ်ပါတယ်။