1 ပတ် - ဘာသာပြန်ပါ။

နောက်ကျောအသုံးပြုပြီး ကစားသမားဘဝ ၉၅၇ ဂိုးမြောက်ဂိုးအား သွင်းလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
===================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Ettifaq နှင့် ပွဲစဉ်တွင် Al Nassr ရဲ့ ဒုတိယဂိုးအား နောက်ကျောအသုံးပြုကာ အံ့ဩသင့်စရာဂိုးတစ်ဂိုး သွင်းလာပါတယ်။
ယင်းပွဲတွင် ဂျာအိုဖီးလစ်နှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့ ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း Al Nassr ဟာ Al-Ettifaq အား လီဗာပူးစတားဟောင်းဂျော်ဂျီနီယိုဝီနယ်ဒမ်ရဲ့ ၂ ဂိုးကြောင့် ၂ ဂိုးစီသရေကျကာ ၁၀ ပွဲဆက် နိုင်ပွဲဆက်မှု ရပ်တန့်သွားပါတယ်။
ယင်းပွဲစဉ်တွင် အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဂျာအိုဖီးလစ်ရဲ့ကန်ချက် နောက်ကျောထိမှန်ပြီး လမ်းကြောင်းပေါ် ဂိုးဝင်သွားမှုကနေ နောက်ဆုံးဘောလုံးထိသူအဖြစ် ဂိုးသွင်းရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
မနေ့ညကပွဲတွင် Al Nassr ဟာ ပွဲအစ ၅ မိနစ်မှာပင် နောက်တန်းအစွန်လူဆက်ဖာဟက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံရပေမယ့်လည်း ဒိုင်လူကြီးက မော်နီတာတွင် စစ်ဆေးပြီးနောက် အဝါကတ်ပြောင်းလဲ ပြသမှုကြောင့် သက်သာရာ ရခဲ့တာပါ။
ဒါပေမယ့် Al-Ettifaq ဟာ အသင်းခေါင်းဆောင်ဝီနယ်ဒမ်ရဲ့ တန်ပြန်တိုက်စစ်မှ တဆင့် လှပတဲ့ ဝေ့ဝိုက်ကန်ချက်ဖြင့် ပွဲအစ ၁၆ မိနစ်မှာပင် ဦးဆောင်ဂိုးရခဲ့ပါတယ်။
၁၀ ပွဲဆက်နိုင်ပွဲ ရရှိထားတဲ့ Al Nassr ဟာ ပွဲချိန် ၄၇ မိနစ်မှာ ဂျာအိုဖီးလစ်ရဲ့ ပင်နယ်တီဧရိယာအတွင်း ကန်ချက်ဖြင့် ချေပဂိုးရခဲ့ပါတယ်။ ယင်းနောက် ၆၇ မိနစ်မှာ ဂျာအိုဖီးလစ်ရဲ့ ကန်ချက်က ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ထိပြီး လမ်းကြောင်းပြောင်းဂိုးသွားမှုကနေ ဦးဆောင်ဂိုးရခဲ့ပါတယ်။
ဒါပေမယ့် ပွဲချိန် ၈၀ မိနစ်မှာ ဝီနယ်ဒမ်က ပင်နယ်တီဧရိယာအတွင်း ခင်းပေးမှုကနေ ပိတ်သွင်းကာ Al-Ettifaq အတွက် ချေပဂိုးအား သွင်းယူပေးခဲ့ပါတယ်။
Al Nassr ဟာ Al-Ettifaq နှင့် ၂ ဂိုးစီသရေကျပေမယ့်လည်း ဒုတိယနေရာမှ Al Taawoun ကို ၃ မှတ်ဖြတ်ကာ ဆော်ဒီပရိုလိဂ်ကို ဦးဆောင်ထားနိုင်တုန်း ဖြစ်ပါတယ်။