အလွတ်တည်ကန်ဘောမှ ၁၂ ဂိုးအထိ ပေးထားရကာ ၃ ဂိုးတည်းသာ ဂိုးရရှိထားပြီးနောက် လီဗာပူးအလွတ်တည်ကန်ဘောနည်းပြ ထွက်ခွာလာ
========================

လီဗာပူးရဲ့အလွတ်တည်ကန်ဘောနည်းပြအေရွန်ဘရစ်ဂျ်ဟာ ယခုရာသီ ကလပ်မှာ အလွတ်တည်ကန်ဘောများနှင့် ရုန်းကန်ရပြီးနောက် အန်ဖီးလ်မှ ထွက်ခွာလာခဲ့ပါတယ်။
အန်းဆလော့ရဲ့ လီဗာပူးဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် အလွတ်တည်ကန်ဘောမှ ၁၂ ဂိုးအထိ ပေးထားရပြီး ပေးဂိုးအများဆုံးအသင်းစာရင်းတွင် ပါဝင်နေသလို အလွတ်တည်ကန်ဘောမှ ရဂိုးကလည်း ၃ ဂိုးတည်းသာ ရှိထားပါတယ်။
ဘရစ်ဂျ်ဟာ ၂၀၂၄-၂၅ ရာသီအစတွင် အန်းဆလော့ရဲ့နည်းပြအဖွဲ့တွင် စတင်ခန့်အပ်ခြင်းခံရပြီးနောက် စက်တင်ဘာလတွင် အလွတ်တည်ကန်ဘောနည်းပြအဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ပါတယ်။
သူဟာ လီဗာပူးရဲ့ အလွတ်တည်ကန်ဘော ခုခံမှုနှင့် အလွတ်တည်ကန်ဘောကန်မှုတို့အား တာဝန်ယူလုပ်ဆောင်ရပါတယ်။
ယခုရာသီတွင် ပရီးမီးယားတွင် အလွတ်တည်ကန်ဘောမှ ဂိုးရယူရေးမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
လီဗာပူးဟာ အလွတ်တည်ကန်ဘောပြဿနာ ကြုံနေရမှုရဲ့ အကျိုးဆက်အဖြစ် ဘရစ်ဂျ်နှင့် နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။