မင်းဘူးမြို့ရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ စုပေါင်းအမှိုက်ကောက်
မကွေးတိုင်း၊ မင်းဘူးမြို့ရှိ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်၌ ပလတ်စတစ်နှင့် အခြားအမှိုက်များစွန့်ပစ်ခြင်းကင်းဝေးစေရန်၊ အဏ္ဏဝါအမှိုက်သရိုက်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရန်တို့အတွက် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းက စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မင်းဘူးမြို့အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ပူးပေါင်းအဖွဲ့ဝင်များမှ စုပေါင်းအမှိုက်ကောက်ခြင်းအြင် ထောက်ရှာပင်ရှိ MOGE ဆိပ်ကမ်း၌ MOGE ဌာနပိုင်ရေယာဥ်များပေါ်တွင် အသိပညာပေးဗီနိုင်းပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဧရာဝတီမြစ်သာယာလှပစေရန် လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများထားရှိခြင်း၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များတွင် အသိပညာပေးပိုစတာများကပ်ခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှုလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။