1 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမား ကာဇူ ကစားသမားဘ၀ ရှေ့ဆက်မယ်

ကမ္ဘာ့အသက်အကြီးဆုံး ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်တဲ့ ဂျပန်တိုက်စစ်မှူး ကာဇူယိုရှီမီအူရာဟာ ကစားသမားဘဝက အနားမယူသေးဘဲ ရှေ့ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၅၈ နှစ်ရှိ ကာဇူဟာ ဂျပန်ဒုတိယတန်းကလပ် ယိုကိုဟားမား FC အသင်းမှာ ကစားနေတာပါ။
ယခုအခါ ၎င်းဟာ ဂျပန်တတိယတန်းကလပ် ဖူကူရှီးမားယူနိုက်တက်FCအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
ယိုကိုဟားမား FC အသင်းကို ၂၀၀၅ ခုနှစ်ကတည်းက ရောက်ရှိနေပြီး အငှားလေးကြိမ် ထွက်ကစားခဲ့ရပါတယ်။
ကာဇူဟာ ၁၉၈၆ ခုနှစ်မှာ ဘရာဇီးလ်ထိပ်တန်းကလပ် ဆန်းတို့စ်ကလပ်နဲ့ ပရိုကစားသမားဘ၀ စတင်ခဲ့ပြီး ပါးလ်မီးရပ်စ်၊ ဂျီနိုအာနဲ့ ဒိုင်နမိုဇာဂရက်အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။
၎င်းအနေနဲ့ ဂျပန်လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲကစားကာ ၅၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဖူကူရှီးမားယူနိုက်တက်FC အသင်းနဲ့ ပရိုကစားသမားဘ၀ ၄၁ ရာသီမြောက်ကို ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။