ဒေါ်လာ ၃ သန်းနီးပါး ဗဟိုဘဏ် ရောင်းချပေးခဲ့
-------------------

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ ၂၉ ရက်မှာ သွင်းကုန်ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၁၁ သန်းကျော် ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်က CMP ကုမ္ပဏီတွေဆီကဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၄၇ သန်းကျော်ကို စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေအတွက် ရောင်းချပေးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ သိန်း ၆ သောင်းကျော်ကို စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေအတွက် ရောင်းချပေးခဲ့တာပါ။
FX Trading မှာ ဒီဇင်ဘာ ၂၉ ရက်က စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဓာတ်မြေဩဇာ၊ လူသုံးကုန်ပစ္စည်း၊ ပုံနှိပ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်း၊ စက်မှုကုန်ကြမ်းနဲ့ စားသုံးကုန် စည်တင်သွင်းတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေဆီကနေ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့တယ်လို့ ဗဟိုဘဏ်က သိရပါတယ်။
ဗဟိုဘဏ်ရဲ့ FX Trading Platform မှာ နိုင်ငံခြားငွေလဲနှုန်းဟာ ဒီဇင်ဘာ ၃၀ ရက်မှာ အမေရိကန်တစ်ဒေါ်လာကို ၃၆၄၉ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၂၄ ဒသမ ၅၀ ကျပ်၊ တရုတ်ငွေတစ်ယွမ်ကို ၅၅၆ ဒသမ ၆၀ကျပ်နဲ့ သတ်မှတ် ရောင်းဝယ်ခဲ့ပါတယ်။

image