တရားမျှတမှုမစ်ရှင် ၂၀၂၅ ကို တရုတ်စစ်တပ် အရှိန်မြှင့်လေ့ကျင့်
-----------------
တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းကို ပိတ်ဆို့တာနဲ့ အဓိက နေရာတွေကို သိမ်းပိုက်တာမျိုး ပုံဖော်ထားတဲ့ "Justice Mission 2025" (တရားမျှတမှု မစ်ရှင် ၂၀၂၅)လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်က တရုတ်(တိုင်ပေ)ကို ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်ကြီးတွေ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာပါ။ တရုတ်ဘက်ကတော့ ဒါကို "ခွဲထွက်ရေး သမားတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာ"လို့ သတ်မှတ်ပြီး ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ ဒုံးပျံ တပ်ဖွဲ့ တွေကိုပါ အကုန်ထုတ်သုံးနေတာ တွေ့ရပါတယ်။
ဒီဇင်ဘာ ၂၉ ရက် တစ်ရက်တည်းမှာတင် တရုတ်(တိုင်ပေ) ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ် ၈၉ စင်းနဲ့ စစ် သင်္ဘော ၂၈ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ တရုတ်(တိုင်ပေ) ဘက်က ပြောထားပါတယ်။ တရုတ်စစ်တပ် ဘက်ကလည်း "လွတ်လပ်ရေး ကြံစည်သူမှန်သမျှ ဒီတရား မျှတမှု ဒိုင်းလွှားနဲ့ တွေ့ရင် အကုန်ချေမှုန်းခံရမယ်"လို့ Social Media မှာ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။