12 ပတ် - ဘာသာပြန်ပါ။

စံသတ်မှတ်ချက်ပြည့်မီရန် လိုအပ်ချက်အရ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ(၂၀၁၃)ကို ပြင်ဆင်ရန် လုပ်ဆောင်နေ

International Organization of Securities Commission - IOSCO သို့ ဝင်ရောက်နိုင်ရေးအတွက် စံသတ်မှတ်ချက်ပြည့်မီရန် လိုအပ်ချက်အရ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ပြင် ဆင်လိုခြင်းဖြစ်ကြောင်း ဘဏ္ကာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ကပြောသည်။
အဆိုပါ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်း နှင့် ပတ်သက်ပြီး ယမန်နေ့က ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေ့ချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ(၂၀၁၃) တွင် ပြဌာန်းပါရှိသည့် အချို့စကားရပ်များသည် ခေတ်ကာလအခြေအနေနှင့် ဆီလျော်မှုမရှိကြောင်းလည်း ဦးဟန်ဝင်းအောင် ကပြောသည်။
ထိုကြောင့် လက်ရှိ အခြေအနေများ နှင့် လိုက်လျောညီထွေမှု ရှိစေ‌ရေးအတွက် ပြင်ဆင်သည့်အချက်များသည်လည်း မြန်မာနိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတကာငွေချေးသက်သေခံလက်မှတ် ကော်မရှင်များအဖွဲ့ - IOSCO သို့ မြန်မာနိုင်ငံဝင်ရောက်နိုင်ရေးအတွက် ဦးစားပေး ပြင်ဆင်ပြဌာန်းသင့်သည့် ဥပဒေဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းဝေး၌ ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြဌာန်းနိုင်ရေး အပြီးသတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

image