ဘင်္ဂလား‌ဒေ့ရှ်ရဲ့ ပထဆုံးအမျိုးသမီးဝန်ကြီးချုပ် ခါလီဒါဇီယာ ကွယ်လွန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခါလီဒါဇီယာဟာ နာတာရှည်ရောဂါခံစားနေရပြီးနောက် အသက် ၈၀ မှာ ကွန်လွန်သွားပြီလို့ သူမရဲ့ ပါတီက ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
"ကျွန်မတို့ သဘောအကျဆုံး ဆုံးခေါင်းဆောင်က ကျွန်မတို့နဲ့အတူ မရှိတော့ပါဘူး။ ဒီမနက် ၆ နာရီမှာ သူမက ကျွန်မတို့ကို ထားသွားခဲ့တယ်" ဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က Facebook မှာ ကြေညာပါတယ်။
ဇီယာရဲ့ အခြေအနေဟာ "အလွန်အရေးကြီးတဲ့ အနေအထား " လို့ တနင်္လာနေ့ညမှာ ဆရာဝန်တွေက ပြောပါတယ်။ သူမကို အသက်ကယ်ပစ္စည်း ကိရိယာတွေနဲ့ ကုသပေးခဲ့ပေမယ့် အသက်အရွယ်နဲ့ ကျန်းမာရေး ချို့တဲ့မှုကြောင့် ကုသမှုများစွာကို တစ်ပြိုင်နက်တည်း ပေးနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဇီယာဟာ နှစ် ၂၀ အတွင်း ပထမဆုံး ဒီမိုကရေစီရွေးကောက်ပွဲမှ BNP ကို အောင်ပွဲခံအောင် ဦးဆောင်ပြီးနောက် ၁၉၉၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပထမဆုံး အမျိုးသမီး အစိုးရခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဇီယာဟာ ၂၀၀၁ ခုနှစ်မှာတော့ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရရှိခဲ့ပြီး အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
သူမရဲ့ နိုင်ငံရေးဘဝဟာ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့အတူ ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ အဝါမီလိဂ်ခေါင်းဆောင် ရှိတ်ဟာစီနာနဲ့ ရေရှည်နိုင်ငံရေးပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆုံးသတ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကွယ်လွန်သူ သမ္မတ ဇီယာရာမန်ရဲ့ ဇနီးဖြစ်သူ ဇီယာဟာ ၂၀၁၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရပါတယ်။

image