5 ရက် - ဘာသာပြန်ပါ။

ရိုးမားသို့ ပေါင်သန်း ၃၀ ဖြင့် ပြောင်းရွှေ့ရန် ယူနိုက်တက်ရဲ့ ဇတ်ဇီး သဘောတူညီမှု ရရှိ
===================

ယူနိုက်တက်တိုက်စစ်မှူးဂျိုရှာဇတ်ဇီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ရိုးမားသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ဇတ်ဇီးဟာ ၂၀၂၄ ခုနှစ်တွင် ဘိုလော့ဂ်နာမှ ပေါင် ၃၅ သန်းဖြင့် ပြောင်းလာပြီးနောက် အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်လာခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲကစားထားရာမှာ ၁ ဂိုးတည်းသာ သွင်းထားနိုင်ကာ ဆက်လက် ရုန်းကန်နေရပါတယ်။
နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယူနိုက်တက်တွင် ပုံမှန်ပွဲကစားခွင့် ရရှိရေး ရုန်းကန်နေရမှုကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရန် အခွင့်အရေး နည်းပါးလာမှုနှင့်အတူ ပွဲကစားခွင့်အာမခံချက် ပေးလာတဲ့ ရိုးမားသို့ ပြောင်းရန် စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။
La Gazzetta dello Sportက ဇတ်ဇီးဟာ ရိုးမားအားကစားဒါရိုက်တာရစ်ကီမာဆာရာ၊ နည်းပြဂက်စ်ပါရီနီတို့နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ဇန်နဝါရီတွင် ပြောင်းရန် သဘောတူညီမှု ရခဲ့ကြောင်း ဖော်ပြလာပါတယ်။
ဒါ့အပြင် ဂက်စ်ပါရီနီက သူ့ရဲ့ ၃-၄-၂-၁ ကစားကွက်တွင် ဇတ်ဇီးမှာ အံဝင်အောင် ကစားနိုင်ကြောင်းလည်း အာမခံချက်ပေးထားကြောင်း သိရပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ဘရိုင်ယန်အမ်ဘူမို၊ အာမက်ဒီရယ်လိုတို့အား အာဖရိကဖလားပြိုင်ပွဲသို့ စေလွှတ်ထားရာရာ ဇန်နဝါရီတွင် ဇတ်ဇီးအား ထွက်ခွာခွင့်ပေးလာပါ့မလား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
တဖက်တွင် ရိုးမားဟာ ဇတ်ဇီးကို ၆ လအငှားဖြင့် ခေါ်ယူပြီး အငှားစာချုပ်အတွင်းတွင် နွေရာသီတွင် ပေါင် ၃၅ သန်းဝန်းကျင်ဖြင့် အပြီးသတ်ခေါ်ယူမယ့်အချက်ကို ထည့်သွင်းလိုနေပါတယ်။
မကြာသေးမီတုန်းက အင်တာဗျူးမှာတော့ ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က အစားထိုးနိုင်မယ့် ကစားသမား မရရှိပါက အသင်းရှိ ကစားသမားများအား ထွက်ခွာခွင့်ပေးလာမှာ မဟုတ်ကြောင်း ဆိုထားပါတယ်။

image