5 ရက် - ဘာသာပြန်ပါ။

၂၀၂၅ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်အသင်း တတိယရရှိ

၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ တတိယဆု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် နွန်သာဘူရီမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၃ ရက်က ၂၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ပြိုင်ပွဲကို အိမ်ရှင်ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း အသင်း ငါးသင်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်အနေနဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားစေခဲ့ပါတယ်။
အုပ်စုပတ်လည်ပွဲများအပြီးမှာ ထိပ်ဆုံးရပ်တည်မှု ရ အသင်းနှစ်သင်းက ဗိုလ်လုပွဲ၊ အဆင့် ၃၊ ၄ ရ အသင်းနှစ်သင်းက တတိယနေရာလုပွဲ ကစားခဲ့ရခြင်းဖြစ်ပါတယ်။
မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ အုပ်စုတွင်းမှာ ဘရူနိုင်းကို (၆-၁) ဂိုးနဲ့ အနိုင်ရပြီး အင်ဒိုနီးရှားကို (၂-၄) ဂိုး၊ အိမ်ရှင်ထိုင်းကို (ဝ-၄) ဂိုး၊ ဗီယက်နမ်ကို (၂-၅) ဂိုးတို့နဲ့ ရှုံးနိမ့်ကာအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါကြောင့် မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ ဒီနေ့ တတိယနေရာလုပွဲအဖြစ် အုပ်စုတွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ ဗီယက်နမ်နဲ့ ပြန်လည်ကစားခဲ့ရာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိပြီး တတိယဆု ရရှိခဲ့တာဖြစ်ပါတယ်။

image