3 ပတ် - ဘာသာပြန်ပါ။

ချားလ်ဘုရင်ရဲ့ နှစ်သစ်ကူးဂုဏ်ပြုချီးမြှင့်ခံရမှုအဖြစ် အမျိုးသမီးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခံလာရတဲ့ အင်္ဂလန်အမျိုးသမီးအသင်းနည်းပြဆာရီနာဝီမန်း
=======================

အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဆာရီနာဝီမန်းဟာ အင်္ဂလန်အသင်းအား ယူရို ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် နှစ်ကူးဂုဏ်ပြုချီးမြှင့်ခံရမယ့်စာရင်းတွင် ပါဝင်လာပြီး အမျိုးသမီးဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းခံလာရပါမယ်။
ဒါ့အပြင် ချားလ်ဘုရင်ရဲ့ နှစ်သစ်ကူးဂုဏ်ပြုချီးမြှင့်ခြင်းခံရမယ့်စာရင်းတွင် ၁၉၈၄ ခုနှစ် ဆာယာယေဗို ဆောင်းရာသီအိုလံပစ်တွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့တဲ့ ရေခဲပြင်စကိတ်အကအတွဲ တော်ဗီးလ်နှင့် ဒိန်းတို့မှာလည်း ဂုဏ်ပြုချီးမြှင့်ခြင်းခံလာရပါမယ်။
၎င်းတို့အတွဲဟာ ရေခဲပြင်အက ကမ္ဘာ့ချန်ပီယံ ၄ ကြိမ်ဖြစ်ခဲ့သလို ဥရောပချန်ပီယံ ၄ ကြိမ်ရခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ ၁၉၉၄ အိုလံပစ်တွင်လည်း ကြေးတံဆိပ်ဆု ဆွတ်ခူးခဲ့ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းနည်းပြဆာရီနီဝီမန်းမှာ ၂၀၂၂ နှင့် ၂၀၂၅ တို့တွင် ယူရိုချန်ပီယံ ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ဂုဏ်ထူးဆောင်အမျိုးသမီးဘွဲ့ချီးမြင့်ခံလာရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်အမျိုးသမီးအသင်း အသင်းခေါင်းဆောင်လီယာဝီလီယမ်ဆင်မှာ CBE ဘွဲ့ချီးမြှင့်ခြင်းခံသလို အမျိုးသမီးအသင်းသားအချို့လည်း ချီးမြှင့်ခံလာရပါတယ်။ အသက် ၂၈ နှစ်ရှိ ဝီလီယမ်ဆင်ဟာ အာဆင်နယ်နှင့်အတူ ၂၀၂၅ ခုနှစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့သူလည်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်တုန်းက OBE ဘွဲ့ချီးမြှင့်ခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အင်္ဂလန်အမျိုးသမီးရက်ဘီအသင်းအား ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ခဲ့တဲ့ နယူးဇီလန်နိုင်ငံသားဂျွန်မစ်ချဲလ်မှာလည်း အသင်းခေါင်းဆောင်ဇိုးထရက်ဖို့ဒ်နှင့်အတူ OBE ဘွဲ့ချီးမြှင့်ခံလာရပါတယ်။
အဲလက်စ်ဂရင်းဝုဒ်၊ ဂျော်ဂျီယာစတန်ဝေး၊ အယ်လာတိုးနီ၊ ကိုင်ရာဝေါ့ရှ်တို့မှာလည်း MBE ဘွဲ့ချီးမြှင့်ခြင်းခံရပါတယ်။

image