ဝိုင်ဘီအက်စ်(၁၁၇)ယာဉ်လိုင်း လမ်းကြောင်းပြောင်းလဲ ပြေးဆွဲမည်

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ YBS (၁၁၇)ယာဉ်လိုင်းအား ယခင်က မြောက်ဒဂုံ ပင်လုံ လမ်းမအတိုင်းပြေးဆွဲလျက်ရှိရာ ယခုအခါတွင် တပင်ရွှေထီးလမ်းမဘက်မှ အသွား/အပြန် ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြောင်းလဲပြေးဆွဲမည့် YBS(၁၁၇) ခရီးစဉ်လမ်းကြောင်းမှာ ဂိတ်ရင်း ဒဂုံတက္ကသိုလ်- ဘုန်းကြီးကျောင်းကွေ့ - ၇/၈ လမ်းဆုံ - ကုန်ပဒေသာ - တပင်ရွှေထီးလမ်း- ဦးဝိစာရလမ်း- နာရီစင်- ပါရမီ (ညောင်ပင်)-ကမ္ဘာအေးဘုရား - (၈)မိုင်ပန်းခြံ -ပြည်လမ်း - လှည်းတန်း -အထက်/အောက် ကြည့်မြင်တိုင်လမ်း - သခင်မြပန်းခြံဂိတ်ဖျားဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ YBS(၁၁၇) ယာဉ်လိုင်း လက်ရှိပြေးဆွဲနေသည့် ဒဂုံတက္ကသိုလ်၊ မင်းရဲကျော်စွာလမ်း၊ ပြည်
ထောင်စုလမ်း၊ ပင်လုံလမ်း၊ ပါရမီလမ်းကြောင်းအစား ဒဂုံတက္ကသိုလ်၊မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စုလမ်း၊ တပင်ရွှေထီးလမ်း၊ ဦးဝိစာရလမ်း၊ ပင်လုံလမ်း၊ ပါရမီလမ်းသို့(အသွား/အပြန်) ပြောင်းလဲပြေးဆွဲမည်ဖြစ်ရာ ပင်လုံလမ်းရှိ မ၀တမှတ်တိုင်၊ မန္တလေးလမ်းမှတ်တိုင်၊စစ်တောင်းမှတ်တိုင်၊ ကျောင်းလမ်းမှတ်တိုင်၊ ဆက်သွယ်ရေးမှတ်တိုင်၊၃၅ မှတ်တိုင်၊ သင်းဝင်မှတ်တိုင်၊ နာရီစင်မှတ်တိုင်တို့မှ စီးမည့်ခရီးသည်များအနေဖြင့် တပင်ရွှေထီးလမ်းနှင့်ဦးဝိစာရလမ်းတို့မှ စောင့်ဆိုင်းစီးနင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ကြောင်းဖော်ပြထားသည်။

image