ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ကို ခရုဇ်ဒုံးကျည်တွေ မြောက်ကိုရီးယား ပစ်ခတ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဟာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ်လွှတ်မှုလေ့ကျင့်ခန်းကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် အစောပိုင်းမှာ ကျင်းပဖွဝ်ရှိတဲ့ အာဏာရပါတီညီလာခံမတိုင်မီ နိုင်ငံရဲ့ စစ်ရေးနဲ့ စီးပွားရေးတိုးတက်မှုကို မကြာသေးမီ ကာလတွေအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြသနေတာဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ် အနောက်ဘက်ပင်လယ်ပြင်အထက်မှာ ခရုဇ်ဒုံးကျည်တွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်တွေဟာ ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့တယ်လို့ ပစ်ခတ်မှုတွေအပေါ် ကင်ဂျုံအန်က ကျေနပ်အားရခဲ့တယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ ပြုံးယမ်းအနီးရှိ ဆူနန်ဒေသမှ ခရုဇ်ဒုံးကျည်များစွာ ပစ်လွှတ်မှုကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကလည်း အတည်ပြုထားပါတယ်။ မြောက်ကိုရီးယားဟာ နှစ်သစ်ကူးနေ့မှာ နောက်ထပ်ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်နိုင်ကြောင်း တောင်ကိုရီးယား စစ်ဘက်အရာရှိတယောက်ကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဆိုပါတယ်။
နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း တည်ဆောက်ဖိုအပါအဝင် လုပ်ငန်းအပါအဝင် ပြီးခဲ့တဲ့အပတ်အတွင်း မြောက်ကိုရီးယားရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတွေဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဝေဖန်ပြောဆိုပါတယ်။