3 ပတ် - ဘာသာပြန်ပါ။

ဗီလာအရန်ခုံသို့ ရေဗူးဖြင့် ပစ်ပေါက်တဲ့ ပရိသတ်အား ချဲလ်ဆီး ရှာဖွေစုံစမ်းနေ
====================

ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် အက်စတွန်ဗီလာအား ရှုံးနိမ့်တဲ့ပွဲတွင် အဝေးကွင်းအသင်းအရန်ခုံရှိရာသို့ ရေဗူးဖြင့် ပစ်ပေါက်တဲ့ ပရိသတ်အား ရှာဖွေစုံစမ်းနေပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဗီလာအား ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အချိန်အနည်းငယ်အကြာတွင် ပွဲကြည့်စင်မှ ရေဗူးတစ်ဗူးဟာ အရန်ခုံတွင် အောင်ပွဲခံနေတဲ့ ဗီလာကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များရှိရာသို့ ရောက်လာခဲ့ပါတယ်။
ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဗီလာဘက်က ပရီးမီးယားလိဂ်ထံ တိုင်ကြားမှု ပြုလုပ်သလား/မပြုလုပ်ဘူးလားဆိုတာ အတိအကျ မသိရသေးပါဘူး။
ဒါပေမယ့် ပရီးမီးယားလိဂ်ကတော့ အထက်ပါအဖြစ်အပျက်အား အဆင်ဆင့် စုံစမ်းမှု ပြုလုပ်ကာ အရေးယူမှု ပြုလုပ်လာဖို့ သေချာနေပါတယ်။
ဗီလာဟာ ယင်းပွဲတွင် လူစားဝင်ရောက်လာတဲ့ အိုလီဝတ်ကင်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၂-၁ ဖြင့် အနိုင်ရရှိကာ ကလပ်ရဲ့ နှစ်ပေါင်းတစ်ရာကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁၁ ပွဲဆက် နိုင်ပွဲ ရခဲ့ပါတယ်။
တဖက်တွင် ယင်းရေဗူးမှာ ဗီလာမှ တစ်ဦးဦးက အောင်ပွဲခံတဲ့သဘောမျိုးဖြင့် ပစ်တယ်လို့ ယူဆနေကြသလို ချဲလ်ဆီးပရိသတ်တစ်ဦးဦးက ပစ်ပေါက်လာတာ မဖြစ်နိုင်ဘူးလို့လည်း ယူဆနေကြပါတယ်။
ယခုအခါမှာတော့ ချဲလ်ဆီးဟာ ယင်းရေသန့်ဗူးကို သူတို့ ပရိသတ်တွေထဲက တစ်ဦးဦးက ပစ်ပေါက်သလားဆိုတာနဲ့ပတ်သက်ပြီး လုံခြုံဗီဒီယိုကင်မရာမှတ်တမ်းများဖြင့် စစ်ဆေးမှု ပြုလုပ်နေပြီ ဖြစ်ပါတယ်။

image