4 ရက် - ဘာသာပြန်ပါ။

လေဆိပ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ထောင်ကျမယ့်အရေးနှင့် ရင်ဆိုင်နေရတဲ့ အင်္ဂလန်တိုက်စစ်မှူးအင်ဒီကာရိုးလ်
=====================

အင်္ဂလန်နှင့် လီဗာပူးစတားဟောင်းအင်ဒီကာရိုးလ်ဟာ လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးနောက် ထောင်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။

ကာရိုးလ်ဟာ နွေရာသီတုန်းက ဆဌမတန်းကလပ် Dagenham & Redbridge သို့ ကစားသမားအဖြစ်လည်းကောင်း၊ ရှယ်ယာတစ်ဦးအဖြစ်လည်းကောင်း ပြောင်းခဲ့ပါတယ်။

လက်ရှိအချိန်တွင် အင်ဒီကာရိုးလ်ဟာ ဘယ်လို အကြောင်းကြောင့်ကြောင့် ထောင်ဒဏ်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ဒါပေမယ့် The Sun ရဲ့ဖော်ပြလာမှုအရ အင်ဒီကာရိုးလ်ဟာ ဧပြီလတုန်းက လိင်ပိုင်းဆိုင်ရာ အမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် ထောင်ဒဏ်ကျခံရမယ့်အရေးနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြလာပါတယ်။

အင်ဒီကာရိုးလ်ဟာ ဧပြီလ ၂၇ ရက်နေ့တုန်းက Stansted လေဆိပ်တွင် နယ်စပ်ရဲတပ်ဖွဲ့ရဲ့ တားဆီးခြင်းခံခဲ့ရပြီးနောက် ပတ်စ်ပို့ ထိန်းသိမ်းခြင်းခံခဲ့ရသလို လူအများရှေ့မှောက်မှာ လက်ထိပ်ခတ် ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

အင်ဒီကာရိုးလ်ဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့ အင်္ဂါနေ့တွင် တရားရင်ဆိုင်ရပါမယ်။

အင်ဒီကာရိုးလ်ဟာ နယူးကာဆယ်၊ လီဗာပူး၊ ဝက်စ်ဟမ်းတို့တွင် ကစားခဲ့သလို ပြင်သစ်စတုတ္ထတန်းကလပ် ဘော်ဒိုးတွင် ကာလတို ကစားပြီးနောက် Dagenham & Redbridge သို့ ပြောင်းကာ အင်္ဂလန်သို့ ပြန်ရောက်လာသူ ဖြစ်ပါတယ်။

image