ပရီးမီးယားလိဂ်စတားများရဲ့ မက်ဆေ့ချ်ပို့ခြင်းခံရပြီးနောက် ချဲလ်ဆီးစတားဟောင်းနှင့် ချစ်ကြိုက်နေတယ်လို့ သတင်းထွက်ပေါ်လာတဲ့ ဆစ်ဒနေဆွီနီ
===================
ခရစ္စတီယန်ပူလီဆစ်ဟာ ဟောလီးဝုဒ် A-List မင်းသမီးဆစ်ဒနေဆွီနီနှင့် ချစ်ကြိုက်နေကြောင်း သတင်းထွက်ပေါ်နေပါတယ်။
အသက် ၂၈ နှစ်ရှိ ဆွီနီဟာ ဩဂုတ်လတုန်းက ပရီးမီးယားလိဂ်စတားများရဲ့ မက်ဆေ့ချ်ပို့ခြင်းခံရကြောင်း သတင်းထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူမကို ယူနိုက်တက်၊ လီဗာပူးနှင့် အာဆင်နယ်စတားတို့ အပြိုင်အဆိုင် ပိုးပန်းခဲ့ကြတာပါ။
ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ ဟောလီးဝုဒ်စူပါမင်းသမီးဟာ အမေရိကန်စတားခရစ္စတီယန်ပူလီဆစ်နှင့် ချစ်ကြိုက်နေကြောင်း သိရပါတယ်။
ဆွီနီဟာ ၂၀၁၈ ခုနှစ်တုန်းက ထုတ်လုပ်သူ ဂျိုနသန်ဒါဗီနိုနှင့် စတင်ချစ်ကြိုက်ကာ လေးနှစ်အကြာတွင် စေ့စပ်ခဲ့ပေမယ့်လည်း ယခုနှစ် အစောပိုင်းတုန်းက လမ်းခွဲခဲ့ကြပါတယ်။
အေစီမီလန်စတားပူလီဆစ်မှာ ဂေါက်မယ် အလီဇာမယ်တွန်နှင့် ချစ်ကြိုက်ခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ တောင်ပံကစားသမားဟာ ၂၀၂၄ ခုနှစ်နွေရာသီတွင် မယ်တွန်နှင့် တွေ့ဆုံချစ်ကြိုက်ခဲ့တာပါ။
ဆွီနီဟာ တစ်ကမ္ဘာလုံးမှ သန်းကြွယ်သူဌေးများရဲ့ ပိုးပန်းမှုခံရကာ မက်ဒိုးနားနောက်ပိုင်းတွင် အမေရိကန်ရဲ့ ပိုးပန်းမှုအခံရဆုံးအမျိုးသမီးအဖြစ်ပါ တင်စားခြင်းခံရသူလည်း ဖြစ်ပါတယ်။