ခရစ္စမတ်သစ်ပင်ပို့စ်ကြောင့် မွတ်စလင်ပရိသတ်များရဲ့ ဝေဖန်မှုနှင့် ကြုံလာရတဲ့ ဆာလက်
=====================
မိုဟာမက်ဆာလက်ဟာ ခရစ္စမတ်သစ်ပင်ပို့စ်ကြောင့် မွတ်စလင်ပရိသတ်များရဲ့ နောက်ထပ် ဝေဖန်တိုက်ခိုက်မှု ကြုံလာရပါတယ်။ တဖက်တွင် မွတ်စလင်ကစားသမားဆာလက်ဟာ ခရစ္စမတ်အား ကြိုဆိုမှုအတွက် အခြားပရိသတ်များရဲ့ ချီးကျူးအားပေးခြင်းခံနေရပါတယ်။
လီဗာပူးနှင့် အီဂျစ်စူပါစတားဟာ မွတ်စလင်ဘာသာအား ကိုးကွယ်ယုံကြည်ပေမယ့်လည်း ခရစ္စမတ်ရောက်တိုင်း ပို့စ်မျှဝေလျက်ရှိပါတယ်။
ယခုနှစ်တွင် အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ သမီးများဖြစ်ကြတဲ့ မက္ကာ၊ ခါယန်တို့အား ခရစ္စမတ်သစ်ပင်အနီးတွင် ရိုက်ကူးထားတဲ့ ပို့စ်အား '#merrychristmas' ဆိတုဲ့ ရိုးရှင်းတဲ့ စာဖြင့် ပို့စ်တင်လာပါတယ်။
ဒါပေမယ့် ပို့စ်တင်လာပြီးနောက် မွတ်စလင်ပရိသတ်များရဲ့ ဝေဖန်မှု ကြုံလာရသလို အခြားခရစ်ယာန်ဘာသာဝင်များရဲ့ ချီးကျူးခြင်းခံလာရပါတယ်။
ပရိသတ်တစ်ဦးက "ကိုယ့်ကိုးကွယ်ယုံကြည်မှုက တားဆီးတဲ့ ဒီပွဲတော်မှာ မဆင်နွဲဘူးလို့ ထင်ခဲ့တာ"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးက"မိုဆာလက်ရေ၊ မန်စီးတီးပရိသတ်တစ်ဦးဖြစ်ပေမယ့် မင်းကို သဘောကျခဲ့တယ်။ ကိုယ့်ရဲ့ စံပြတစ်ယောက်အနေနဲ့ သဘောထားခဲ့တာ"လို့ ဆိုသွာပါတယ်။
အခြားတစ်ဦးကလည်း "မန်စီးတီးအတွက် တခါမှ မကစားခဲပေမယ့် မင်းကို လေးစားအားကျခဲ့တယ်။ ဒါပေမယ့် ဒီပို့စ်ကကြောင့် မင်းကို ငါ့ရဲ့ စံပြအဖြစ် သဘောမထားတော့ဘူး။ မင်း ငါ့အသည်းကို ခွဲလိုက်တာ။ ဒီပို့စ်ကို မဖျက်ရင် မင်းကို Unfollow လုပ်မယ်"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် အခြားတစ်ဦးကလည်း "မင်းက မွတ်စလင်လေ။ ကိုယ်ဘာသာ ကိုယ့်ယဉ်ကျေးမှုကို လေးစားရမယ်။ မင်းက သန်းပေါင်းများစွာသော လူတွေကို ဘာလုပ်ပြနေတာလဲ"လို့ ဆိုသွားပါတယ်။
တဖက်တွင် မော်ရိုကိုတွင် ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲတွင် အီဂျစ်နှင့်အတူ ကစားနေတဲ့ ဆာလက်ဟာ မွတ်စလင်ဘာသာဝင်များအပြင် မွတ်စလင်မဟုတ်တဲ့သူများရဲ့ ချီးကျူးခြင်းလည်း ခံနေရပါတယ်။
တစ်ဦးက "ကွဲပြားမှုတွေကိုသာ သည်းခံမယ်ဆိုရင် ကမ္ဘာ့ကြီးက ပိုကောင်းတဲ့နေရာ ဖြစ်လာလိမ့်မယ်"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "လေးစားမှုက လေးစားမှုပါ။ အာဖရိကဖလားပြိုင်ပွဲ ကစားနေပေမယ့် ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်မှုက ပထမဦးစားပေးပါ။ မယ်ရီခရစ္စမတ်"လို့ ရေးသားသွားပါတယ်။
ဆာလက်ဟာ ယခင်နှစ်များတုန်းကလည်း ခရစ္စမတ်ပို့စ်တင်မှုကြောင့် မွတ်စလင်ပရိသတ်များရဲ့ ဝေဖန်မှုများ ကြုံခဲ့ရသူ ဖြစ်ပါတယ်။