စကော့တလန်ဂန္ထဝင်နှင့် နော်တင်ဟမ်ဖောရက်စ်သူရဲကောင်း ဂျွန်ရောဘတ်ဆင် ကွယ်လွန်
==============
စကော့တလန်ဂန္ထဝင်နှင့် နော်တင်ဟမ်ဖောရက်စ်သူရဲကောင်းဂျွန်ရောဘတ်ဆင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဂျွန်ရောဘတ်ဆင်ဟာ အသက် ၇၂ နှစ်အရွယ်တွင် ခရစ္စမတ်နေ့မှာပဲ ကွယ်လွန်သွားခဲ့တာပါ။
သူဟာ နော်တင်ဟမ်ဖောရက်စ်သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဘရိုင်ယန်ကလောက်ချ်လက်အောက်တွင် အမှတ်ပေးဖလား ၁ကြိမ်၊ ဥရောပဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ မယ်လ်မိုနှင့် ၁၉၇၉ ဥရောပဖလားဗိုလ်လုပွဲတွင် ထရီဗော်ဖရန်ဆစ် ဂိုးသွင်းနိုင်အောင် ဖြတ်တင်ဘော ပြုလုပ် ဖန်တီးပေးခဲ့သလို နောက်တစ်နှစ် ဟမ်းဘတ်အား အနိုင်ရကာ ချန်ပီယံဘွဲ့ကို ထပ်မံ ကာကွယ်နိုင်တဲ့ ဗိုလ်လုပွဲတွင်လည်း ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ စကော့တလန်အသင်းအတွက် ၂၈ ပွဲကစားကာ ၈ ဂိုးသွင်းခဲ့သူ ဖြစ်ပြီး ၁၉၇၈ ကမ္ဘာ့ဖလားနှင့် ၁၉၈၂ ကမ္ဘာ့ဖလားတို့ ကစားခဲ့ပါတယ်။
သူဟာ ဖောရက်စ်တွင် ၁၃ ရာသီကြာ ကစားပြီးနောက် ဒါဘီကောင်တီသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့ပေမယ့်လည်း နှစ်ရာသီအကြာမှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
သူဟာ ဖောရက်စ်အတွက် ပွဲငါးရာကျော်ကစားခဲ့ပြီး ၉၅ ဂိုးသွင်းပေးခဲ့ပါတယ်။
သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် ကစားဖော်ဟောင်းမာတင်အိုနေးလ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကာ ဆဲလ်တစ်တွင် အောင်မြင်မှုများ ရယူနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်တုန်းက နော်တင်ဟမ်ဖောရက်စ်သမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားအဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။