1 ပတ် - ဘာသာပြန်ပါ။

Snoop Dogg ၊ လူကာမိုဒရစ်တို့နှင့်အတူ ဆွမ်စီးရဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့ အမေရိကန်ဘီလျှံနာမာသာစတီးဝပ်
===================

အမေရိကန်ဘီလျှံနာမာသာစတီးဝပ်ဟာ ဆွမ်စီးစီးတီးရဲ ပူးတွဲပိုင်ရှင်သစ် ဖြစ်လာပါတယ်။ စတီးဝပ်ဟာ ဝေးလ်တောင်ပိုင်အခြေစိုက်ကလပ်ရဲ့ ပူးတွဲပိုင်ရှင်စာရင်းတွင် Snoop Dogg ၊ အေစီမီလန်ကွင်းလယ်ကစားသမားလူကာမိုဒရစ်တို့နှင့်အတူ ပါဝင်လာတာလည်း ဖြစ်ပါတယ်။

အသက် ၈၄ နှစ်ရှိ မာသာဟာ သောကြာနေ့တုန်းက ဝရက်စ်ဟမ်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခြင်းခံရပြီးနောက် တက်ရောက်ကြည်ရှုခဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာ အိမ်မှုကိစ္စနှင့် လူနေမှုဘဝလုပ်ငန်းများဖြင့် ကြွယ်ဝချမ်းသာလာတဲ့ ကိုယ်ခြေထောက်ပေါ် ရပ်တည်ပြီး ဘီလျှံနာဖြစ်လာတဲ့ ပထမဆုံးအမေရိကန်အမျိုးသမီးလည်း ဖြစ်ပါတယ်။

ဆွမ်စီးဟာ အသင်းတွင် ရင်းနှီးမြှပ်နှံသူအသစ်များ ဖိတ်ခေါ်ကာ အသင်းရဲ့ ပရိုဖိုင်းကို ကြီးထွားအောင် လုပ်ဆောင်လိုနေတာ ဖြစ်ပါတယ်။

ဆွမ်စီးဟာ ကလပ်ဘုတ်အဖွဲ့ဝင်သစ်အဖြစ် မာသာစတီးဝပ်က ရင်းနှီးမြှပ်နှံမှုအသစ် ပြုလုပ်လာပေမယ့်လည်း လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားဝယ်ယူအားဖြည့်မှု ပြုလုပ်လာဖို့ မရှိပါဘူး။

လက်ရှိ အေစီမီလန်ကွင်းလယ်ကစားသမားလူကာမိုဒရစ်ဟာ ဧပြီလတုန်းက ဝေးလ်အခြေစိုက်ကလပ်တွင် ရင်းနှီးမြှပ်နှံခဲ့တာ ဖြစ်ပြီး ယင်းနောက် လအတန်ကြာတွင် အမေရိကန်ရက်ပါ Snoop Dogg ကလည်း ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။

image