ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သည့် မွန်ပြည်နယ် မြို့နယ် (၅) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ (၆) သိန်းဝန်းကျင်ခန့်ရှိ

ရက်ပိုင်းသာလိုတော့သည့် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သည့် မွန်ပြည်နယ် (၅) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ (၆) သိန်းဝန်းကျင်ခန့်ရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲထံက သိရသည်။

ရွေးကောက်ပွဲ အပိုင်း (၁) တွင် မွန်ပြည်နယ်ရှိ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့ ပါဝင်သည်။

အဆိုပါ (၅) မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၅၈)ခု၌ မဲရုံပေါင်း (၃၃၅) ရုံ ဆန္ဒမဲပေးနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် ဒီဇင်ဘာ (၂၅) ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ မွန်ပြည်အတွင်းမှ ပြည်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲကို ရေတွက်သွားမည်ဖြစ်သည်ဟု ပြည်နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲထံက သိရသည်။

image