ထိုင်းနိုင်ငံ၌ မသင်္ကာဖွယ်ဒရုန်း ၂၅၀၀ ကျော် ဖမ်းဆီးရမိ
-----------------------

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်အနီးမှာ ဒီဇင်ဘာ ၂၃ ရက်က မသင်္ကာဖွယ် ဒရုန်း ၂၅၀၀ ကျော်ကို ထိုင်အာဏာ ပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။ လေဆိပ်အနီး မသင်္ကာ ဖွယ် ဒရုန်းတွေ ပျံသန်းနေတာကို သတင်းရပြီးနောက် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးအရ စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ရာကနေ ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဒီဒရုန်းတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ အသုံးပြုနေတဲ့ "Swarm Models" အုပ်စုလိုက် တိုက်ခိုက်နိုင်တဲ့ ဒရုန်းတွေနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ ဒီဒရုန်းတွေကို ကုန်းလမ်းကတစ်ဆင့် ထိုင်းနိုင်ငံထဲကို ခိုးယူ တင်သွင်း လာကာ ပြည်တွင်းမှာ ပြန်လည်တပ်ဆင် တာ ဒါမှမဟုတ် အသုံးပြုတာတွေ လုပ်နိုင်တယ်လို့ အာဏာပိုင်တွေ က ယူဆနေကြပါတယ်။

ဒါဟာ ထိုင်းနိုင်ငံ အတွက် လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှု ပုံစံသစ်တစ်ခု ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ပူပန်နေကြပါ တယ်။ လက်ရှိမှာ တော့ သိမ်းဆည်း ရမိတဲ့ ဒရုန်းတွေကို အသေးစိတ် စစ်ဆေးနေပြီး လေဆိပ်အနီး ပျံသန်းခဲ့တဲ့ ဒရုန်းတွေနဲ့ တိုက်ရိုက်ပတ်သက်မှု ရှိ၊ မရှိ ဒါမှမဟုတ် ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဆက်နွှယ်မှု ရှိ၊ မရှိ ဆိုတာကိုတော့ အာဏာပိုင်တွေက အတည်မပြုနိုင်သေးပါဘူး။

image