3 ရက် - ဘာသာပြန်ပါ။

အလုံမြို့နယ်၌ တတိယအကြိမ်မဲစာရင်းများကပ်ထား

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဆမ္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ကပ်ထားကြေညာရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှ ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများကြည့်ရှုစေရေး၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများကြိုတင်သိရှိစေရေးတို့အတွက် တာ၀န်ရှိသူများပူးပေါင်းဆောင်ရွက်ရန်မှာကြားပြီး မဲစာရင်းလာရောက်ကြည့်ရှုသည့် မဲဆန္ဒရှင်များကိုနှုတ်ဆက်ခဲ့သည်။

ရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာမည်ဖြစ်သည်။

image