18 နာရီ - ဘာသာပြန်ပါ။

ရင်းနှီးနွေးထွေးသည့်ဘာသာဝင်များကြား မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်းကာကွယ်ကြရန် နိုင်ငံတော် ယာယီသမ္မတတိုက်တွန်း

ရင်းနှီးနွေးထွေးသည့်ဘာသာဝင်များကြား မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်းကာကွယ်ကြရန် နိုင်ငံတော် ယာယီသ မ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှကြီးမှူး၍ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီး မွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားဘာသာဝင်များသည် ရှေးနှစ်ပေါင်းမြောက်မြားစွာကပင် ယှဉ် တွဲမှီတင်းနေထိုင်လာခဲ့ကြပြီး မည်သို့ပင် ကိုးကွယ်ရာကွဲပြားပါစေ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်းအလျဉ်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာစိတ်ထားပြီး နိုင်ငံတော်၏ကောင်းရာကောင်းကျိုးအတွက်ဆောင်ရွက်ခဲ့ကြသည်ဟု ပြော သည်။

"ရင်းနှီးနွေးထွေးတဲ့ ဘာသာဝင်တွေကြားမှာ အဲဒီအစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားကြဖို့လိုပါတယ်။ စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံကြည်မှုလျော့ပါးအောင်လုပ်ဆောင်လာတဲ့ မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းနဲ့လက်တွဲပူးပေါင်းကာကွယ်သွားကြရပါမယ်"ဟု နိုင်ငံတော် ယာယီသမ္မတက တိုက်တွန်းပြောကြား သည်။

ထို့ပြင် ဘာသာတရားတိုင်းတွင် အကျင့်တရား၊ စောင့်ထိန်းအပ်သောတရားဆိုသည့် ဘုံတူညီမှုများကိုတွေ့ရှိရပြီး ယင်းအကျင့်တရားများသည် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အဓိကအခြေခံထားကာ စိတ်ပိုင်းဆိုင်ရာဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုများကို အင်အားကြီးမားစွာအထောက်အပံ့ပေးနိုင်ပြီး လူမှုအသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်သဖြင့် ဘာသာတရားသည် မွန် မြတ်သောအဆုံးအမအဖြစ် ခိုင်ခိုင်မာမာယုံကြည်သည်ဟု ပြောသည်။

ထိုသို့ ဘာသာတရားများအပေါ်အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက် ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုး တက်သည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရန်လည်း နိုင်ငံတော် ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

image