18 နာရီ - ဘာသာပြန်ပါ။

ထိုင်း-ကမ္ဘောဒီးယားတင်းမာမှုကျအောင်ကူညီသောတရုတ်ကိုထိုင်းကကျေးဇူးတင်

ဘန်ကောက်၊ ဒီဇင်ဘာ ၂၃

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တင်းမာမှုများကို လျော့ကျလာစေရန် ကူညီဆောင်ရွက်ပေးသည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း ထိုင်းနိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ့ချ် ဘာလန်ကူရာ က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် နီကွန်ဒေ့ချ် က ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ထိပ်တိုက်ရင်ဆိုင်မှုများကို အရှိန်ကျ‌အောင်လုပ်ဆောင်ရာတွင် တရုတ်၏ ထိတွေ့ဆက်ဆံမှုနှင့် ၎င်း၏အခန်းကဏ္ဍကို ကျေးဇူးတင်ကြောင်း၊ ဘက်မလိုက်ဘဲ ဓမ္မဓိဋ္ဌာန်ကျသော ရပ်တည်ချက်ကို ဆုပ်ကိုင်ထားသည့်အတွက် တရုတ်နိုင်ငံကို ဂုဏ်ပြုချီးကျူးကြောင်း ပြောကြားခဲ့သည်။

တနင်္လာနေ့က ကျင်းပသော အထူးအာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ ထိုင်းနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားတို့က တိုက်ရိုက် တွန်းအားပေးရမည့် ရေရှည်တည်တံ့သော ဖြေရှင်း‌ေရးကို နှစ်နိုင်ငံ မူဘောင်များမှတစ်ဆင့် ဖြေရှင်းရန် ထိုင်းက ကတိပြုထားဆဲဖြစ်ကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

အပ-စ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ၌ ဗုဒ္ဓဟူးနေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်သည်

image